Samsung ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Samsung Galaxy Note 8 နဲ့ S8+ စမတ်ဖုန်းတွေမှာ Battery ကို လုံးဝအားကုန်ပြီး ပိတ်သွားတဲ့အထိ အသုံးပြုလိုက်ရင် အားပြန်သွင်းလို့မရတော့တဲ့ ပြဿနာကို ကြုံတွေ့နေရတာဖြစ်ပြီးတော့ အခုအချိန်မှာတော့ Samsung ကနေ အဆိုပါ ပြဿနာကို စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Samsung Galaxy S8 နဲ့ S8+ အသုံးပြုသူတွေက နောက်ထပ် ပြဿနာတစ်ခုကို ထပ်ပြီး ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ အဲ့ဒါကတော့ ဖုန်းကို ဒီအတိုင်းထားထားရင်လည်း Screen က ပွင့်ပွင့်လာတာဖြစ်တယ်လို့ သိရပါတယ်။

အခုပြဿနာဟာ Samsung Forum တွေမှာလည်း အများအပြားပြောဆိုနေကြပြီဖြစ်ပြီး အခုလိုမျိုး ဖြစ်ပွားတဲ့အတွက် Battery လည်း ပိုပြီး စားနေတယ်လို့ ဝေဖန်ထားကြပါသေးတယ်။

Samsung ကတေတာ့ အခုဖြစ်ရပ်ပေါ်မှာ သီးသန့် သုံးသပ်ချက်ပေးထားခြင်းမရှိသေးပါဘူး။