Samsung ကနေ Galaxy S9 စမတ်ဖုန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက တရားဝင်ကြေငြာခဲ့ပြီး အခုအချိန်မှာတော့ Pre-order တွေလက်ခံနေဆဲပဲဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိသိရတဲ့သတင်းတွေအရတော့ Samsung Galaxy S9 ဖုန်းဟာ Galaxy S8 လောက် ရောင်းအားကောင်းတဲ့ပုံမပေါ်ပါဘူး။

ဘာဖြစ်လို့လဲဆိုရင် Samsung ရဲ့ ကိုရီးယားနိုင်ငံအတွင်းမှာ Pre-order ပြုလုပ်တဲ့သူအရေအတွက်က Samsung Galaxy S8 ဖုန်းနဲ့ ယှဉ်ရင် ၃၀ ရာခိုင်နှုန်းလျော့နည်းသွားတယ်လို့ South Korean Publication Report ကနေ ဖော်ပြခဲ့တာကြောင့်ဖြစ်ပါတယ်။

Samsung ကိုယ်တိုင်ကတော့ Galaxy S9 ရဲ့ ရောင်းချရမှုပမာဏတွေကို ဖော်ပြခဲ့ခြင်းမရှိပေမယ့်လည်း အများစုသုံးသပ်ချက်အရတော့ Galaxy S9 ဟာ Galaxy S8 ထက် သိသိသာသာ တိုးတက်ခဲ့ခြင်းမရှိသလို အခြားသော ပြိုင်ဘက်တွေလောက် ထူးခြားမှုမရှိတဲ့အတွက် အခုလိုရောင်းအားကျသွားတာဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။