[Zawgyi]

ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ကမာၻ႔ နာမည္ႀကီးဘဏ္အခ်ိဳ႕ဟာ သူတို႔ ဘဏ္ App ထဲကို Samsung Galaxy S10 နဲ႔ Galaxy Note 10 တို႔ရဲ႕ Fingerprint ကိုအသုံးျပဳၿပီး ဝင္ေရာက္ႏိုင္ခြင့္ကို ပယ္ဖ်က္ခဲ့ပါတယ္။ အခ်ိဳ႕ကလည္း S10 နဲ႔ Note 10 တို႔အတြက္ App ယူခြင့္ကို Google Play Store မွာမေပးေတာ့ဘဲ ျဖဳတ္ခ်ခဲ့ပါတယ္။

Samsung Galaxy S10 ရဲ႕ Fingerprint Sensor ဟာ လိုအပ္ခ်က္ေတြရွိေနခဲ့တာေတာ့ အမွန္ပဲ ျဖစ္ပါတယ္။ စမ္းသပ္မႈေတြအရ 3D Print နဲ႔ လွည့္စားၿပီး Unlock လုပ္လို႔ရေၾကာင္းလည္း ေတြ႕ရွိခဲ့ရပါေသးတယ္။ မၾကာခင္ရက္ပိုင္းအတြင္းက ဘဏ္ေတြနဲ႔ျဖစ္ခဲ့တဲ့ ျပႆနာကလည္း Ultrasonic Fingerprint Reader ရဲ႕ အားနည္းခ်က္ေတြေၾကာင့္ ျဖစ္ခဲ့တာပါပဲ။

အခုေတာ့ Samsung ဟာ ဒီျပႆနာေတြကို လာမယ့္ ၂၄ နာရီအတြင္း ေျဖရွင္းေပးႏိုင္မယ္လို႔ ထုတ္ျပန္ေၾကညာခဲ့ၿပီျဖစ္ပါတယ္။ ဒီျပႆနာဟာ ေျဖရွင္းဖို႔ လြယ္ကူတယ္လို႔လည္းသိရပါတယ္။ Android Authority ကေတာ့ Galaxy S10, S10 Plus, Note 10 နဲ႔ Note 10 Plus ေတြဟာ Screen Protectors cover ေၾကာင့္ ဒီျပႆနာျဖစ္ခဲ့ၾကတာလို႔ ဆိုပါတယ္။

Scanner ဟာ လက္ေဗြကိုမဟုတ္ဘဲ Screen Protector ကို Scanning လုပ္လိုက္တာေၾကာင့္ ဖုန္းပိုင္ရွင္ရဲ႕ လက္ေဗြမဟုတ္ဘဲ အျခားသူေတြကလည္း အလြယ္တကူဖြင့္လို႔ ရႏိုင္ခဲ့တာလို႔ သိရပါတယ္။ ဒီအတြက္ အလြယ္ကူဆုံးေျဖရွင္းနည္းက Screen Protector ကို ဖယ္ရွားလိုက္ျခင္းလို႔လည္း ဆိုပါတယ္။

Security Fix မရေသးခင္စပ္ၾကားမွာေတာ့ Galaxy S10 ဒါမွမဟုတ္ Note 10 ေတြမွာတပ္ထားတဲ့ ဘယ္ Screen Protector အမ်ိဳးအစားကိုမဆို ဖယ္ရွားဖို႔လိုအပ္တာလည္း ျဖစ္ပါတယ္။ အကယ္၍ Security Fix အသစ္ရၿပီးရင္လည္း လက္ေဗြကို Register အသစ္ျပန္လုပ္ထားသင့္တာလည္း ျဖစ္ပါတယ္။

Ref: Android Authority

[Unicode]

Galaxy S10 နဲ့ Note 10 တွေရဲ့ Fingerprint ချို့ယွင်းချက်အတွက် လာမယ့် ၂၄ နာရီအတွင်း Security Fix ပေးမယ်လို့ Samsung ထုတ်ပြန်

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကမ္ဘာ့ နာမည်ကြီးဘဏ်အချို့ဟာ သူတို့ ဘဏ် App ထဲကို Samsung Galaxy S10 နဲ့ Galaxy Note 10 တို့ရဲ့ Fingerprint ကိုအသုံးပြုပြီး ဝင်ရောက်နိုင်ခွင့်ကို ပယ်ဖျက်ခဲ့ပါတယ်။ အချို့ကလည်း S10 နဲ့ Note 10 တို့အတွက် App ယူခွင့်ကို Google Play Store မှာမပေးတော့ဘဲ ဖြုတ်ချခဲ့ပါတယ်။

Samsung Galaxy S10 ရဲ့ Fingerprint Sensor ဟာ လိုအပ်ချက်တွေရှိနေခဲ့တာတော့ အမှန်ပဲ ဖြစ်ပါတယ်။ စမ်းသပ်မှုတွေအရ 3D Print နဲ့ လှည့်စားပြီး Unlock လုပ်လို့ရကြောင်းလည်း တွေ့ရှိခဲ့ရပါသေးတယ်။ မကြာခင်ရက်ပိုင်းအတွင်းက ဘဏ်တွေနဲ့ဖြစ်ခဲ့တဲ့ ပြဿနာကလည်း Ultrasonic Fingerprint Reader ရဲ့ အားနည်းချက်တွေကြောင့် ဖြစ်ခဲ့တာပါပဲ။

အခုတော့ Samsung ဟာ ဒီပြဿနာတွေကို လာမယ့် ၂၄ နာရီအတွင်း ဖြေရှင်းပေးနိုင်မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီဖြစ်ပါတယ်။ ဒီပြဿနာဟာ ဖြေရှင်းဖို့ လွယ်ကူတယ်လို့လည်းသိရပါတယ်။ Android Authority ကတော့ Galaxy S10, S10 Plus, Note 10 နဲ့ Note 10 Plus တွေဟာ Screen Protectors cover ကြောင့် ဒီပြဿနာဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။

Scanner ဟာ လက်ဗွေကိုမဟုတ်ဘဲ Screen Protector ကို Scanning လုပ်လိုက်တာကြောင့် ဖုန်းပိုင်ရှင်ရဲ့ လက်ဗွေမဟုတ်ဘဲ အခြားသူတွေကလည်း အလွယ်တကူဖွင့်လို့ ရနိုင်ခဲ့တာလို့ သိရပါတယ်။ ဒီအတွက် အလွယ်ကူဆုံးဖြေရှင်းနည်းက Screen Protector ကို ဖယ်ရှားလိုက်ခြင်းလို့လည်း ဆိုပါတယ်။

Security Fix မရသေးခင်စပ်ကြားမှာတော့ Galaxy S10 ဒါမှမဟုတ် Note 10 တွေမှာတပ်ထားတဲ့ ဘယ် Screen Protector အမျိုးအစားကိုမဆို ဖယ်ရှားဖို့လိုအပ်တာလည်း ဖြစ်ပါတယ်။ အကယ်၍ Security Fix အသစ်ရပြီးရင်လည်း လက်ဗွေကို Register အသစ်ပြန်လုပ်ထားသင့်တာလည်း ဖြစ်ပါတယ်။

Ref: Android Authority