[Zawgyi]

Samsung ဟာ တ႐ုတ္အေျခစိုက္ စမတ္ဖုန္းကုမၸဏီေတြရဲ႕ ေဈးကြက္ခ်ဲ႕ထြင္မႈကို ယွဥ္ၿပိဳင္ဖို႔အတြက္ Galaxy J ကို ရပ္တန႔္ၿပီး Galaxy A Series သစ္ကို ထုတ္လုပ္ခဲ့ပါတယ္။ ေဈးကြက္အတြက္ မဟာဗ်ဴဟာကို ေျပာင္းလဲလိုက္ျခင္းက လက္ရွိနံပါတ္တစ္ စမတ္ဖုန္းကုမၸဏီႀကီးအတြက္ ဘယ္ေလာက္ထိ အက်ိဳးသက္ေရာက္မႈရွိမွာလဲဆိုတာကို အားလုံးကလည္း စိတ္ဝင္တစား ေစာင့္ၾကည့္ေနၾကတာပါ။

Galaxy A series သစ္ကို အိႏၵိယမွာ ျဖန႔္ခ်ိၿပီး ရက္ေပါင္း ၄၀ အၾကာမွာ Samsung က Galaxy A အလုံးေရေပါင္း ၂ သန္းအထိ ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပခဲ့ပါတယ္။ ေနာက္ထပ္ ရက္ေပါင္း ၃၀ ၾကာၿပီးတဲ့ေနာက္ စုစုေပါင္း ရက္ ၇၀ ေရာက္ခ်ိန္မွာေတာ့ Galaxy A အလုံးေရေပါင္း ၅ သန္းအထိ ေရာင္းခ်ႏိုင္ခဲ့ၿပီလို႔ Samsung က ဆိုပါတယ္။

ရက္ေပါင္း ၇၀ Galaxy A ဖုန္းအလုံးေရေပါင္း ၅ သန္းေရာင္းခ်ႏိုင္ျခင္းေၾကာင့္ Samsung ဟာ အေမရိကန္ေဒၚလာ ၁ ဘီလီယံ ဝင္ေငြကို ျပန္လည္ရရွိခဲ့တယ္လို႔ Samsung အိႏၵိယရဲ႕ ေဈးကြက္ရွာေဖြေရးအရာရွိခ်ဳပ္ က Reuters သတင္းဌာနကို ေျပာခဲ့တာ ျဖစ္ပါတယ္။

Samsung ရဲ႕ Galaxy A series ဖုန္းေတြဟာ $75 ကေန $410 (၁သိန္း၁ေသာင္း၆ေထာင္ ဝန္းက်င္ကေန ၆သိန္း၃ေသာင္းဝန္းက်င္) ၾကားျဖစ္ပါတယ္။ အိႏၵိယေဈးကြက္မွာ ၂၀၁၈ နဲ႔ ၂၀၁၉ တို႔ရဲ႕ ပထမသုံးလပတ္ေတြကို ဦးေဆာင္ေနတာကေတာ့ Xiaomi ျဖစ္ၿပီး Samsung ကေတာ့ ဒုတိယေနရာမွာပဲ ရွိေနပါေသးတယ္။ ဒါေပမယ့္ Premium အဆင့္ စမတ္ဖုန္းေဈးကြက္မွာေတာ့ ေဈးကြက္ေဝစု ၇၇% အထိ ရယူထားႏိုင္တယ္လို႔ Samsung က အခိုင္အမာေျပာပါတယ္။

Ref: GSMArena

[Unicode]

ရက်ပေါင်း ၇၀ အတွင်း Galaxy A စမတ်ဖုန်းအလုံးရေ ၅ မီလီယံ ရောင်းချနိုင်ခဲ့တဲ့ Samsung

Samsung ဟာ တရုတ်အခြေစိုက် စမတ်ဖုန်းကုမ္ပဏီတွေရဲ့ ဈေးကွက်ချဲ့ထွင်မှုကို ယှဉ်ပြိုင်ဖို့အတွက် Galaxy J ကို ရပ်တန့်ပြီး Galaxy A Series သစ်ကို ထုတ်လုပ်ခဲ့ပါတယ်။ ဈေးကွက်အတွက် မဟာဗျူဟာကို ပြောင်းလဲလိုက်ခြင်းက လက်ရှိနံပါတ်တစ် စမတ်ဖုန်းကုမ္ပဏီကြီးအတွက် ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိမှာလဲဆိုတာကို အားလုံးကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။

Galaxy A series သစ်ကို အိန္ဒိယမှာ ဖြန့်ချိပြီး ရက်ပေါင်း ၄၀ အကြာမှာ Samsung က Galaxy A အလုံးရေပေါင်း ၂ သန်းအထိ ရောင်းချနိုင်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ နောက်ထပ် ရက်ပေါင်း ၃၀ ကြာပြီးတဲ့နောက် စုစုပေါင်း ရက် ၇၀ ရောက်ချိန်မှာတော့ Galaxy A အလုံးရေပေါင်း ၅ သန်းအထိ ရောင်းချနိုင်ခဲ့ပြီလို့ Samsung က ဆိုပါတယ်။

ရက်ပေါင်း ၇၀ Galaxy A ဖုန်းအလုံးရေပေါင်း ၅ သန်းရောင်းချနိုင်ခြင်းကြောင့် Samsung ဟာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ဝင်ငွေကို ပြန်လည်ရရှိခဲ့တယ်လို့ Samsung အိန္ဒိယရဲ့ ဈေးကွက်ရှာဖွေရေးအရာရှိချုပ် က Reuters သတင်းဌာနကို ပြောခဲ့တာ ဖြစ်ပါတယ်။

Samsung ရဲ့ Galaxy A series ဖုန်းတွေဟာ $75 ကနေ $410 (၁သိန်း၁သောင်း၆ထောင် ဝန်းကျင်ကနေ ၆သိန်း၃သောင်းဝန်းကျင်) ကြားဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်မှာ ၂၀၁၈ နဲ့ ၂၀၁၉ တို့ရဲ့ ပထမသုံးလပတ်တွေကို ဦးဆောင်နေတာကတော့ Xiaomi ဖြစ်ပြီး Samsung ကတော့ ဒုတိယနေရာမှာပဲ ရှိနေပါသေးတယ်။ ဒါပေမယ့် Premium အဆင့် စမတ်ဖုန်းဈေးကွက်မှာတော့ ဈေးကွက်ဝေစု ၇၇% အထိ ရယူထားနိုင်တယ်လို့ Samsung က အခိုင်အမာပြောပါတယ်။

Ref: GSMArena