Zawgyi

Google ကေန Android 10 ကို တရားဝင္မိတ္ဆက္လိုက္ၿပီဆိုေပမယ့္ ထုံးစံအတိုင္း အေစာဆုံး Update လုပ္ႏိုင္တဲ့ Device ေတြက Google ရဲ႕ ကိုယ္ပိုင္ Pixel ဖုန္းေတြနဲ႔ တခ်ိဳ႕ေသာ စမတ္ဖုန္းေတြပဲရွိေနေသးတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Samsung နဲ႔ Huawei လိုမ်ိဳး စမတ္ဖုန္းေတြကိုင္ေဆာင္တဲ့သူေတြအတြက္ Android Update ကို ဘယ္ေတာ့မွရမလဲဆိုတာက ေမးခြန္းထုတ္စရာျဖစ္လာပါတယ္။

ဥပမာ ေျပာရရင္ Samsung ဆိုရင္ ဒီ Android Update ပိုင္းမွာ အၿမဲလိုလိုေနာက္က်ေနတတ္ၿပီးေတာ့ မႏွစ္တုန္းက Galaxy Note 9 နဲ႔ Galaxy S9 လိုဖုန္းေတြကလည္း Android 9 Pie ကို Update လုပ္ႏိုင္ဖို႔ အခ်ိန္ ၆ လနီးပါးၾကာျမင့္ခဲ့တာပါ။ ဒါေပမယ့္ ဒီႏွစ္မွာေတာ့ မႏွစ္ကထက္ ပိုျမန္မယ္လို႔ယူဆရပါတယ္။

ဘာေၾကာင့္လဲဆိုရင္ လက္ရွိ T Mobile နဲ႔ Samsung ရဲ႕ ေျပာၾကားခ်က္အရ အခုအခ်ိန္မွာ Samsung ကေန Galaxy Note 10 နဲ႔ Galaxy S10 ဖုန္းေတြအတြက္ Android 10 ကို စတင္စမ္းသပ္ေနၿပီလို႔ သိရတာေၾကာင့္ပါ။ T Mobile ရဲ႕ Support Page ကိုယ္တိုင္ကေန အခု Android 10 သုံးထားတဲ့ One UI 2.0 Software ကို Quality Standard ေတြ ျပည့္မျပည့္ စမ္းသပ္ေနတာျဖစ္တယ္ဆိုၿပီး အတည္ျပဳသြားခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းကလည္း Samsung ရဲ႕ Android 10 ကို အေျခခံထားတဲ့ OneUI 2.0 Video ကိုျမင္ေတြ႕ခဲ့ရၿပီးေတာ့ Samsung ကိုယ္တိုင္ကလည္း Galaxy S10 နဲ႔ Note 10 ဖုန္းေတြမွာ အရင္ဆုံးရရွိမယ္ဆိုတာကို အတည္ျပဳထားခဲ့ပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္အထိ Samsung ကေန အခု Android 10 အတြက္ Beta Program ေတြမရွိေသးတဲ့အတြက္ တရားဝင္ Stable Version ထြက္ရွိဖို႔ကိုေတာ့ အခ်ိန္တစ္ခုထပ္ေစာင့္ဆိုင္းရမွာပါ။

ျဖစ္ႏိုင္တာက လာမယ့္ေအာက္တိုဘာလမွာ ျပဳလုပ္မယ့္ Samsung Developer Conference မွာ OneUI 2.0 ကို တရားဝင္မိတ္ဆက္လာႏိုင္ၿပီးေတာ့ အဲ့ဒီေနာက္ပိုင္းမွ Update ျပဳလုပ္ႏိုင္ဖို႔မ်ားေနပါတယ္။

Ref – XDA Developers

Unicode

Google ကနေ Android 10 ကို တရားဝင်မိတ်ဆက်လိုက်ပြီဆိုပေမယ့် ထုံးစံအတိုင်း အစောဆုံး Update လုပ်နိုင်တဲ့ Device တွေက Google ရဲ့ ကိုယ်ပိုင် Pixel ဖုန်းတွေနဲ့ တချို့သော စမတ်ဖုန်းတွေပဲရှိနေသေးတာဖြစ်ပါတယ်။ ဒါက Samsung နဲ့ Huawei လိုမျိုး စမတ်ဖုန်းတွေကိုင်ဆောင်တဲ့သူတွေအတွက် Android Update ကို ဘယ်တော့မှရမလဲဆိုတာက မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

ဥပမာ ပြောရရင် Samsung ဆိုရင် ဒီ Android Update ပိုင်းမှာ အမြဲလိုလိုနောက်ကျနေတတ်ပြီးတော့ မနှစ်တုန်းက Galaxy Note 9 နဲ့ Galaxy S9 လိုဖုန်းတွေကလည်း Android 9 Pie ကို Update လုပ်နိုင်ဖို့ အချိန် ၆ လနီးပါးကြာမြင့်ခဲ့တာပါ။ ဒါပေမယ့် ဒီနှစ်မှာတော့ မနှစ်ကထက် ပိုမြန်မယ်လို့ယူဆရပါတယ်။

ဘာကြောင့်လဲဆိုရင် လက်ရှိ T Mobile နဲ့ Samsung ရဲ့ ပြောကြားချက်အရ အခုအချိန်မှာ Samsung ကနေ Galaxy Note 10 နဲ့ Galaxy S10 ဖုန်းတွေအတွက် Android 10 ကို စတင်စမ်းသပ်နေပြီလို့ သိရတာကြောင့်ပါ။ T Mobile ရဲ့ Support Page ကိုယ်တိုင်ကနေ အခု Android 10 သုံးထားတဲ့ One UI 2.0 Software ကို Quality Standard တွေ ပြည့်မပြည့် စမ်းသပ်နေတာဖြစ်တယ်ဆိုပြီး အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း Samsung ရဲ့ Android 10 ကို အခြေခံထားတဲ့ OneUI 2.0 Video ကိုမြင်တွေ့ခဲ့ရပြီးတော့ Samsung ကိုယ်တိုင်ကလည်း Galaxy S10 နဲ့ Note 10 ဖုန်းတွေမှာ အရင်ဆုံးရရှိမယ်ဆိုတာကို အတည်ပြုထားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ Samsung ကနေ အခု Android 10 အတွက် Beta Program တွေမရှိသေးတဲ့အတွက် တရားဝင် Stable Version ထွက်ရှိဖို့ကိုတော့ အချိန်တစ်ခုထပ်စောင့်ဆိုင်းရမှာပါ။

ဖြစ်နိုင်တာက လာမယ့်အောက်တိုဘာလမှာ ပြုလုပ်မယ့် Samsung Developer Conference မှာ OneUI 2.0 ကို တရားဝင်မိတ်ဆက်လာနိုင်ပြီးတော့ အဲ့ဒီနောက်ပိုင်းမှ Update ပြုလုပ်နိုင်ဖို့များနေပါတယ်။

Ref – XDA Developers