[Zawgyi]
The Sero အမည်ရှိ Vertical TV ရဲ့ မျက်နှာပြင်အကျယ်ဟာ ၄၃လက်မ ရှိပြီး QLED Display အမျိုးအစားကို အသုံးပြုထားတာ ဖြစ်ပါတယ်။ 60-watt 4.1 Channel Speakers တွေကို တပ်ဆင်ထားပြီး Samsung Smart TV အမျိုးအစားတွေဖြစ်တဲ့ Bixby နဲ့ Screen Mirroring တို့လိုမျိုး Features တွေကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Samsung ကတော့ အခုလိုမျိုး ဒေါင်လိုက် ထောင်ကြည့်လို့ရတဲ့ TV ဒီဇိုင်းကို ဖန်တီးလိုက်ခြင်းအားဖြင့် စမတ်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုတဲ့အခါမှာ စမတ်ဖုန်းပေါ်က မြင်ကွင်းတွေကို TV မျက်နှာပြင်အကြီးကြီးမှာ အဆင်ပြေပြေ ကြည့်ရှု့နိုင်စေမယ်လို့ ဆိုထားပါတယ်။
Ref : Sammobile
[Unicode]
ဒေါင်လိုက်ကြည့်လို့ ရတဲ့ 43” QLED TV ကို Samsung မိတ်ဆက်
Samsung အနေနဲ့ ဒေါင်လိုက် ထောင်ကြည့်လို့ရတဲ့ Vertical TV အမျိူးအစားကို အမိမြေ တောင်ကိုရီးယားနိုင်ငံမှာ မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ TV ကို The Sero လို့ ကင်ပွန်းတပ်ထားပြီး စမတ်ဖုန်းပေါ်က အချက်အလက်နဲ့ အကြောင်းအရာတွေကို မျက်နှာပြင်ကြီးကြီးပေါ်မှာ အဆင်ဆင်ပြေပြေ ကြည့်ရှု့နိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။
The Sero အမည်ရှိ Vertical TV ရဲ့ မျက်နှာပြင်အကျယ်ဟာ ၄၃လက်မ ရှိပြီး QLED Display အမျိူးအစားကို အသုံးပြုထားတာ ဖြစ်ပါတယ်။ 60-watt 4.1 Channel Speakers တွေကို တပ်ဆင်ထားပြီး Samsung Smart TV အမျိူးအစားတွေဖြစ်တဲ့ Bixby နဲ့ Screen Mirroring တို့လိုမျိူး Features တွေကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Samsung ကတော့ အခုလိုမျိူး ဒေါင်လိုက် ထောင်ကြည့်လို့ရတဲ့ TV ဒီဇိုင်းကို ဖန်တီးလိုက်ခြင်းအားဖြင့် စမတ်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုတဲ့အခါမှာ စမတ်ဖုန်းပေါ်က မြင်ကွင်းတွေကို TV မျက်နှာပြင်အကြီးကြီးမှာ အဆင်ပြေပြေ ကြည့်ရှု့နိုင်စေမယ်လို့ ဆိုထားပါတယ်။
The Sero TVs တွေဟာ ဒေါင်လိုက်သာမက အလျားလိုက်လည်း အသုံးပြုလို့ရပါတယ်။ ဒါ့ကြောင့် ဝယ်ယူသူများအနေနဲ့ TV ကလာတဲ့ အကြောင်းအရာတွေကို ကြည့်ရှု့တဲ့အခါမှာလည်း သာမန် TVs တွေလိုမျိူး အလျားလိုက် ပြောင်းလဲကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Samsung အနေနဲ့ The Sero TVs တွေကို သူတို့ရဲ့ အမိမြေမှာ တောင်ကိုရီးယားငွေ ၁၈၉,၀၀၀၀ ဝမ် ( မြန်မာငွေ ၂၅သိန်း ဝန်းကျင်) နဲ့ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ တောင်ကိုရီးယားအပြင် တခြားနိုင်ငံတွေမှာရော ဖြန့်ဖြူးရောင်းချဖို့ ရှိသလားဆိုတာကိုတော့ Samsung ဘက်က ထုတ်ဖော်ပြောကြားသွားခြင်း မရှိပါဘူး။
Ref : Sammobile