Samsung ဟာ လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ Galaxy S22 Series ဖုန်းတွေကို မိတ်ဆက်ဖို့ စီစဥ်နေတာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရှိရတဲ့သတင်းတွေအရတော့ Galaxy S22 Series ဖုန်းတွေဟာ လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ တရားဝင်မိတ်ဆက်လာမယ်လို့ သိရပါတယ်။

အဆိုပါသတင်းကိုတော့ တောင်ကိုရီးယားနိုင်ငံအတွင်းမှာရှိတဲ့ DDaily သတင်းဌာနကနေ သိရှိခဲ့ရတာဖြစ်ပြီး Mobile World Congress (MWC) 2022 မပြုလုပ်ခင် ရက်သတ္တပါတ်တွေအလိုမှာ မိတ်ဆက်မှာဖြစ်ပါတယ်။ အဆိုပါ Galaxy S22 Series ဖုန်းတွေနဲ့အတူ Galaxy Tab S8 ကိုလည်း အလားတူအချိန်အတွင်းမှာပဲ မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

Samsung ဟာ ယခုနှစ်မှာ Galaxy S22 ၊ Galaxy S22+ နဲ့ Galaxy S22 Ultra ဆိုပြီး ၃ မျိုး မိတ်ဆက်သွားမှာဖြစ်ပြီး Design ပိုင်းနဲ့ Camera ပိုင်းပြောင်းလဲမှုတွေအပြင် S22 Ultra မှာ S Pen ကို ပိုပြီး Support ပြုလုပ်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ အသုံးပြုလာမယ့် Processor ကိုတော့ အတိအကျမသိရသေးဘဲ Region အများအပြားမှာ Qualcomm Snapdragon 8 Gen1 နဲ့ တချို့သော Region တွေမှာပဲ Exynos 2200 Chipset တွေကို အသုံးပြုလာဖွယ်ရှိနေပါတယ်။

တောင်ကိုရီးယားသတင်းဌာနဖြစ်တဲ့ DDaily ရဲ့ ပြောကြားချက်မှာတော့ Samsung ဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားပြီး နောက်တစ်ရက်မှာ Pre-order တွေကို စတင်ကောက်ယူသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် မကြာခင်မှာ တရားဝင် မိတ်ဆက်မယ့်အချိန်ကို ကြေညာဖို့ နီးကပ်နေပြီဖြစ်ပါတယ်။

Ref – GSM Arena