[Unicode]
Samsung ဟာ Galaxy A Series နဲ့ Galaxy M Series တွေကို ထုတ်လုပ်ရောင်းချပြီးချိန်မှာ သုံးစွဲသူတွေဆီက ကောင်းမွန်တဲ့တုံ့ပြန်မှုတွေကို ရရှိခဲ့ပါတယ်။ ဒါကြောင့် တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးဟာ နောက်ထပ် Galaxy A မိသားစုဝင်အသစ်တွေနဲ့ Galaxy M မိသားစုဝင်အသစ်တွေကို ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလတုန်းက သတင်းထွက်ခဲ့တဲ့ Galaxy A51 နဲ့ Galaxy A71 တို့ဟာ ၂၀၂၀ ရဲ့ ပထမဆုံးလမှာပဲ ဈေးကွက်ထဲရောက်လာကြဖွယ် ရှိပါတယ်။ အခု ထပ်ပြီးထွက်လာတဲ့သတင်းအရ Samsung ဟာ Galaxy A series ကို နာမည်အသစ်တွေနဲ့မှတ်ပုံတင်ထားတယ်ဆိုတဲ့အကြောင်းပါ။
Galaxy A12, Galaxy A22, Galaxy A32, Galaxy A42, Galaxy A52, Galaxy A62, Galaxy A72, Galaxy A82 နဲ့ Galaxy A92 ဆိုပြီး အက္ခရာ A နောက်က ဂဏန်းနှစ်လုံးမှာ ရှေ့ဂဏန်းကပဲ ၁ ကနေ ၉ အထိ အစဉ်လိုက်ပြောင်းလဲသွားပြီး နောက်ကဒုတိယဂဏန်းဖြစ်တဲ့ ၂ ဂဏန်းကတော့ မပြောင်းလဲဘဲ ထားရှိတဲ့ ပုံစံကိုလည်း တွေ့ရပါတယ်။
Samsung ဟာ ၂၀၁၉ ပထမနှစ်ဝက်မှာ Galaxy A10 ကနေ A90 အထိ ဖြန့်ချိခဲ့ပါတယ်။ ဒုတိယနှစ်ဝက်မှာတော့ ပထမနှစ်ဝက်က ဖြန့်ချိခဲ့တဲ့ A Series ဖုန်းတွေကို အဆင့်မြှင့်တင်ပြီး သူတို့ရဲ့မော်ဒယ်အလိုက် နာမည်တွေနောက်မှာ “S” ကိုတွဲထည့်ပြီး ဖြန့်ချိခဲ့ပါတယ်။ Galaxy A11s, Galaxy A21s, Galaxy A31s စတာတွေက ၂၀၁၉ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ ထွက်ခဲ့ကြတာပါ။
အခုအချိန်ကတော့ မှတ်ပုံတင်ထားတဲ့ Galaxy A မိသားစုဝင်သစ်တွေအကြောင်းကိုပြောဖို့ စောလွန်းနေသေးတဲ့ အချိန်ပါပဲ။ နာမည်သစ်နဲ့ ဒီဟန်းဆက်တွေကို အစောဆုံးအဖြစ် ၂၀၂၁ ရဲ့ ပထမနှစ်ဝက်လောက်မှ ဈေးကွက်ထဲမှာ တွေ့မြင်ရဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။
Ref: Gizmochina
[Zawgyi]
Galaxy A Series သစ်အတွက် နာမည်တွေကို မှတ်ပုံတင်လိုက်ပြီဖြစ်တဲ့ Samsung
Ref: Gizmochina