[Zawgyi]

လြန္ခဲ့တဲ့ သုံးေလးရက္ေလာက္က Samsung Galaxy S10 ရဲ႕ In−Display Fingerprint Scanner ဟာ 3D Print နဲ႔ လွည့္စားၿပီး ဖြင့္လို႔ရတာကို ေတြ႕ျမင္ခဲ့ၾကရပါတယ္။ ဒီျပႆနာက ခ်ီးမြမ္းခံေနရတဲ့ Samsung ရဲ႕ Galaxy S10 အတြက္ အေတာ္ေလးကို ႀကီးမားတဲ့ ထိုးႏွက္ခ်က္လို ျဖစ္ခဲ့ရတာပါ။

Galaxy S10 ရဲ႕ In−Display Fingerprint Scanner မွာ အားနည္းခ်က္ဟာ 3D Print နဲ႔ လွည့္စားၿပီးဖြင့္လို႔ရတာတစ္ခုတည္းတင္ မဟုတ္ပါဘူး။ တုံ႔ျပန္မႈေႏွးေကြးၿပီး ထိေရာက္မႈမလုံေလာက္တဲ့ အေျခအေနတစ္ရပ္လည္း ျဖစ္ေပၚေနတာပါ။ Galaxy S10 ကို ေဈးကြက္ထဲပို႔ေဆာင္ခဲ့တာ အခ်ိန္အနည္းငယ္ၾကာၿပီျဖစ္ေပမယ့္ အသုံးျပဳသူေတြကေတာ့ ဒီကိစၥတစ္ခုတည္းကိုပဲ တိုင္တန္းေနခဲ့ၾကပါတယ္။

Samsung အေနနဲ႔ အသုံးျပဳသူေတြရဲ႕ ေစာဒကတက္မႈကို နားေထာင္ၿပီး ျပန္လည္ျပဳျပင္ဖို႔ လုပ္ေဆာင္ခဲ့ၾကတယ္လို႔ ဆိုရမွာပါ။ ဒါေၾကာင့္ Samsung Galaxy S10 နဲ႔ S10 Plusေတြရဲ႕ In-Display Fingerprint Scanner ျပႆနာကို ျပဳျပင္ဖာေထးဖို႔ အရွိန္ျမႇင့္လုပ္ေဆာင္ေနတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေနာက္ပိုင္းမွာ Sensor ဟာ တုံ႔ျပန္မႈ ပိုျမန္လာၿပီး အသုံးျပဳရတာလည္း အရင္ကထက္ ပိုေကာင္းလာမယ္လို႔ ဆိုပါတယ္။

Galaxy store ကေန ျဖန႔္ခ်ိေပးမယ့္ Biometrics software update မွာ Patch အသစ္လည္း ပါဝင္လာၿပီး Fingerprint scanner ရဲ႕ ျပႆနာကို ေျဖရွင္းႏိုင္မွာ ျဖစ္ပါတယ္။ ဒီလိုေျဖရွင္းဖို႔အတြက္ Software update ကို အရင္ကလို Manually update လုပ္လို႔မရဘဲ Device က အသိေပးလာခ်ိန္မွပဲ လုပ္လို႔ရမယ္လို႔ သိရပါတယ္။ Patch ဟာ အမွန္တကယ္ပဲ Fingerprint sensor ကို ပိုၿပီးေကာင္းသြားေစမွာလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

Ref: Androdi Authority

[Unicode]

Galaxy S10 Fingerprint Scanner ကို ပိုကောင်းအောင် ပြုပြင်မယ်လို့ Samsung ပြော

လွန်ခဲ့တဲ့ သုံးလေးရက်လောက်က Samsung Galaxy S10 ရဲ့ In−Display Fingerprint Scanner ဟာ 3D Print နဲ့ လှည့်စားပြီး ဖွင့်လို့ရတာကို တွေ့မြင်ခဲ့ကြရပါတယ်။ ဒီပြဿနာက ချီးမွမ်းခံနေရတဲ့ Samsung ရဲ့ Galaxy S10 အတွက် အတော်လေးကို ကြီးမားတဲ့ ထိုးနှက်ချက်လို ဖြစ်ခဲ့ရတာပါ။

Galaxy S10 ရဲ့ In−Display Fingerprint Scanner မှာ အားနည်းချက်ဟာ 3D Print နဲ့ လှည့်စားပြီးဖွင့်လို့ရတာတစ်ခုတည်းတင် မဟုတ်ပါဘူး။ တုံ့ပြန်မှုနှေးကွေးပြီး ထိရောက်မှုမလုံလောက်တဲ့ အခြေအနေတစ်ရပ်လည်း ဖြစ်ပေါ်နေတာပါ။ Galaxy S10 ကို ဈေးကွက်ထဲပို့ဆောင်ခဲ့တာ အချိန်အနည်းငယ်ကြာပြီဖြစ်ပေမယ့် အသုံးပြုသူတွေကတော့ ဒီကိစ္စတစ်ခုတည်းကိုပဲ တိုင်တန်းနေခဲ့ကြပါတယ်။

Samsung အနေနဲ့ အသုံးပြုသူတွေရဲ့ စောဒကတက်မှုကို နားထောင်ပြီး ပြန်လည်ပြုပြင်ဖို့ လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုရမှာပါ။ ဒါကြောင့် Samsung Galaxy S10 နဲ့ S10 Plusတွေရဲ့ In-Display Fingerprint Scanner ပြဿနာကို ပြုပြင်ဖာထေးဖို့ အရှိန်မြှင့်လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ Sensor ဟာ တုံ့ပြန်မှု ပိုမြန်လာပြီး အသုံးပြုရတာလည်း အရင်ကထက် ပိုကောင်းလာမယ်လို့ ဆိုပါတယ်။

Galaxy store ကနေ ဖြန့်ချိပေးမယ့် Biometrics software update မှာ Patch အသစ်လည်း ပါဝင်လာပြီး Fingerprint scanner ရဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြေရှင်းဖို့အတွက် Software update ကို အရင်ကလို Manually update လုပ်လို့မရဘဲ Device က အသိပေးလာချိန်မှပဲ လုပ်လို့ရမယ်လို့ သိရပါတယ်။ Patch ဟာ အမှန်တကယ်ပဲ Fingerprint sensor ကို ပိုပြီးကောင်းသွားစေမှာလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref: Androdi Authority