Samsung ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက သူ့ရဲ့ 2021 laptop lineup ကို ဖွင့်ဟပြသခဲ့ပါတယ်။ ကုမ္ပဏီဟာ Galaxy Book Flex 2, Galaxy Book Flex 2 5G, Galaxy Book Ion 2 နဲ့ Notebook Plus 2 စတဲ့ Windows 10 Laptops သစ်လေးမျိုးကို လာမယ့်နှစ်ထဲမှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်တုန်းကတော့ Samsung ဟာ Galaxy Book Flex 2 5G ရဲ့ ပထမဦးဆုံး ဗီဒီယိုကို ထုတ်လွှတ်ပြသလာတာ တွေ့ရပါတယ်။ တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးဟာ Galaxy Book Flex 2 5G ရဲ့ Unboxing ဗီဒီယိုကို YouTube channel မှာ တရားဝင်လွှင့်တင်ခဲ့တာပါ။

ဒါ့အပြင် ဒီ Laptop သစ်ရဲ့ Feature တွေကို ဘယ်လိုအသုံးပြုရမယ်ဆိုတဲ့အကြောင်း ရှင်းလင်းတင်ဆက်ထားတဲ့ ဗီဒီယိုကိုလည်း လွှင့်တင်ခဲ့ပါသေးတယ်။ Galaxy Book Flex 2 5G မှာ USB Type-C charger, SIM card ejector pin နဲ့ Quick start guide တို့ ပါဝင်ပါတယ်။ 13.3-inch Full HD touchscreen display ဖြစ်ပြီး 11gh Gen Intel Core CPU ကို အသုံးပြုထားပါတယ်။ 16GB of RAM နဲ့ သိုလှောင်မှုကတော့ 512GB SSD ဖြစ်ပါတယ်။

2-in-1 laptop မှာ S Pen, ဆိုက်ပြည့်ကီးဘုတ်၊ 13MP world-facing camera, 720p HD webcam နဲ့ Trackpad တို့ ပါဝင်ပါတယ်။ ဘက်ထရီကတော့ 69.7WHr ဖြစ်ပါတယ်။ Built-in camera app က Document mode နဲ့ စာရွက်စာတမ်းတွေကို လွယ်လွယ်ကူကူနဲ့ ကောင်းကောင်းမွန်မွန် ပုံရိပ်ဖမ်းယူနိုင်ပါတယ်။

Port ရွေးချယ်မှုပိုင်းမှာလည်း Full-sized HDMI port, USB 3.0 Type-A port, thunderbolt 4 USB-C port, USB 3.1 Type-C port, microSD card slot နဲ့ headphone jack တို့ ပါဝင်ပါတယ်။ Wi-Fi 6, Wi-Fi Direct, Bluetooth 5.1 နဲ့ Fingerprint reader တို့လည်း ပါဝင်ပါတယ်။

Ref: sammobile