Zawgyi

ေတာင္ကိုရီးယားအေျခစိုက္ Samsung ဟာ သူတုိ႔ရဲ႕ျပည္တြင္းေစ်းကြက္မွာ Galaxy Jean2 နဲ႔ Galaxy Wide4 စမတ္ဖုန္းသစ္ႏွစ္ခုကို မိတ္ဆက္ခဲ့ပါတယ္။ ဒါေပမယ့္ ဟန္းဆက္အသစ္ေတြေတာ့မဟုတ္ဘဲ ကမာၻ႕ေစ်းကြက္မွာ ျမင္ေတြ႕ခဲ့ၿပီးသား Galaxy A20e နဲ႔ Galaxy A20 တုိ႔ကို အမွတ္တံဆိပ္သစ္ကပ္ၿပီး ျပဳျပင္ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။

ကုဒ္နံပါတ္ SM-A202K နဲ႔ SM-A205S အသီးသီးျဖစ္တဲ့ ဖုန္းႏွစ္လုံးဟာ ေစ်းပိုခ်ဳိတဲ့ Samsung မိသားစုဝင္ေတြ ျဖစ္လာခဲ့ၿပီး Galaxy Jean2 ဖုန္းဟာ 5.8” အရြယ္သာရွိတဲ့ TFT Screen နဲ႔ ေသးငယ္က်စ္လစ္တဲ့ ဒီဇုိင္းကို ပုိင္ဆုိင္ကာ အေလးခ်ိန္ ၁၄၁ ဂရမ္သာရွိပါတယ္။

Galaxy Jean2 မွာ Exynos 7884 ခ်စ္ပ္ဆက္ကို 3GB RAM / 32GB Storage မန္မုိရီေတြနဲ႔ တြဲဖက္ထားတယ္။ ေနာက္ဘက္မွာ အဓိက 13MP ကင္မရာကို 5MP Wide-angle Lens နဲ႔ ပူးတြဲထားပါတယ္။ ေစ်းႏႈန္းကေတာ့ ကိုရီးယားဝမ္ ႏွစ္သိန္း (ျမန္မာေငြ ႏွစ္သိန္းခြဲေက်ာ္) က်သင့္တယ္။

Wide4 စမတ္ဖုန္းကေတာ့ ပုိႀကီးတဲ့ 6.4” Super AMOLED Screen ပါဝင္လာၿပီး အေလးခ်ိန္ပိုသလို ဘကၳရီလည္း ပိုႀကီးပါတယ္။ အျခား အတြင္းပိုင္းနဲ႔ ကင္မရာ စတာေတြကေတာ့ Galaxy Jean2 နဲ႔ အတူတူပါပဲ။ သူက ေစ်းအနည္းငယ္သာ ပိုၿပီး ကိုရီးယားဝမ္ ၂၂၀,၀၀၀ (ျမန္မာေငြ ႏွစ္သိန္းရွစ္ေသာင္းခန္႔) က်သင့္မွာ ျဖစ္ပါတယ္။

Ref – GSM Arena

Unicode

တောင်ကိုရီးယားအခြေစိုက် Samsung ဟာ သူတို့ရဲ့ပြည်တွင်းဈေးကွက်မှာ Galaxy Jean2 နဲ့ Galaxy Wide4 စမတ်ဖုန်းသစ်နှစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် ဟန်းဆက်အသစ်တွေတော့မဟုတ်ဘဲ ကမ္ဘာ့ဈေးကွက်မှာ မြင်တွေ့ခဲ့ပြီးသား Galaxy A20e နဲ့ Galaxy A20 တို့ကို အမှတ်တံဆိပ်သစ်ကပ်ပြီး ပြုပြင်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ကုဒ်နံပါတ် SM-A202K နဲ့ SM-A205S အသီးသီးဖြစ်တဲ့ ဖုန်းနှစ်လုံးဟာ ဈေးပိုချိုတဲ့ Samsung မိသားစုဝင်တွေ ဖြစ်လာခဲ့ပြီး Galaxy Jean2 ဖုန်းဟာ 5.8” အရွယ်သာရှိတဲ့ TFT Screen နဲ့ သေးငယ်ကျစ်လစ်တဲ့ ဒီဇိုင်းကို ပိုင်ဆိုင်ကာ အလေးချိန် ၁၄၁ ဂရမ်သာရှိပါတယ်။

Galaxy Jean2 မှာ Exynos 7884 ချစ်ပ်ဆက်ကို 3GB RAM / 32GB Storage မန်မိုရီတွေနဲ့ တွဲဖက်ထားတယ်။ နောက်ဘက်မှာ အဓိက 13MP ကင်မရာကို 5MP Wide-angle Lens နဲ့ ပူးတွဲထားပါတယ်။ ဈေးနှုန်းကတော့ ကိုရီးယားဝမ် နှစ်သိန်း (မြန်မာငွေ နှစ်သိန်းခွဲကျော်) ကျသင့်တယ်။

Wide4 စမတ်ဖုန်းကတော့ ပိုကြီးတဲ့ 6.4” Super AMOLED Screen ပါဝင်လာပြီး အလေးချိန်ပိုသလို ဘက္ထရီလည်း ပိုကြီးပါတယ်။ အခြား အတွင်းပိုင်းနဲ့ ကင်မရာ စတာတွေကတော့ Galaxy Jean2 နဲ့ အတူတူပါပဲ။ သူက ဈေးအနည်းငယ်သာ ပိုပြီး ကိုရီးယားဝမ် ၂၂၀,၀၀၀ (မြန်မာငွေ နှစ်သိန်းရှစ်သောင်းခန့်) ကျသင့်မှာ ဖြစ်ပါတယ်။

Ref – GSM Arena