လွန်ခဲ့တဲ့ ဆယ်စုနှစ်အတော်များများက စိတ်ကူးယဉ်ကမ္ဘာအဖြစ် နေရာတစ်ခုဟာ အခုအချိန်မှာတော့ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ပုံရိပ်ယောင်ကမ္ဘာကြီးတစ်ခု စတင်လာတာနဲ့အမျှ Metaverse ကလည်း အနာဂတ်ဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကို ပြသနေပြီ ဖြစ်ပါတယ်။

Metaverse ခေတ်ထဲကို စတင်ခြေလှမ်းနေတဲ့ နည်းပညာကုမ္ပဏီကြီးတွေထဲမှာ Samsung လည်း ပါဝင်နေပါတယ်။ လက်ရှိအချိန်မှာ တောင်ကိုရီးယားဟာ Metaverse ဈေးကွက်ကို ဦးဆောင်နေတယ်လို့ဆိုနိုင်ပြီး နိုင်ငံကလည်း Metaverse leader ဖြစ်လာဖို့အတွက် ၅ နှစ်စီမံကိန်းနဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီစီမံကိန်းမှာ နိုင်ငံရဲ့မျက်နှာဖုံးဖြစ်နေတဲ့ ကုမ္ပဏီကြီးကလည်း အရေးပါတဲ့အခန်းကဏ္ဍမှာရှိနေမယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရ Samsung ဟာ တောင်ကိုရီးယားရဲ့ Metaverse startup “DoubleMe” မှာ ဒေါ်လာ ၂၅ သန်း ရင်းနှီးမြှုပ်နှံလိုက်တယ်လို့ သိရပါတယ်။ Samsung ဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ZEPETO platform မှာ “My House” metaverse world ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် ကုမ္ပဏီဟာ Decentraland မှာ Virtual store တည်ဆောက်ခဲ့ပြီး လာရောက်လေ့လာသူတွေဟာ Unpacked launch events တွေကို စောင့်ကြည့်နိုင်ပြီး Exclusive virtual items တွေကို ရယူနိုင်ပါတယ်။

DoubleMe ဟာ Holographic projection, volumetric capture technology နဲ့ရောနှောထားတဲ့ လက်တွေ့ဘဝအတွေ့အကြုံတွေကတစ်ဆင့် စီးပွားရေးလုပ်ငန်းတွေဆီကို Metaverse feature တွေသယ်ဆော်ငလာဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Holographic image တွေကို အစစ်အမှန်ကမ္ဘာအဖြစ်ပြောင်းလဲနေတာလို့ ဆိုနိုင်ပါတယ်။

DoubleMe ဟာ Metaverse ရဲ့ နောက်ဆုံးအယူအဆတွေ၊ ရှုထောင့်တွေကို ပိုပြီးအာရုံစိုက်တဲ့ Startup တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ Microsoft HoloLens 2 လိုမျိုး Devices တွေသုံးပြီး အပြန်အလှန်ဆက်ဆံနိုင်စေတဲ့ နည်းလမ်းသစ်တွေကိုဖန်တီးတဲ့ Startup တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ DoubleMe ဟာ Holoportation technology မှာ ပိုပြီးအာရုံစိုက်သလို Vodafone, T-Mobile, Orange တို့လို ကုမ္ပဏီကြီးတွေရဲ့ ပံ့ပိုးမှုတွေကိုလည်း အများကြီးရရှိခဲ့တယ်လို့ သိရပါတယ်။

Ref: sammobile