Zawgyi






Ref – GSM Arena

Unicode

တောင်ကိုရီးယားအခြေစိုက် Samsung ကုမ္ပဏီဟာ လာမယ့်နိုဝင်ဘာ ၁၉ ရက်နေ့မှာ သူတို့ရဲ့ ဒုတိယမြောက် Foldable စမတ်ဖုန်းကို တရုတ်ဈေးကွက်အတွင်း ကြေညာသွားတော့မှာပါ။

ယခင်က ထွက်ခဲ့တဲ့ သတင်းတွေမှာ W20 5G လို့ ခေါ်တဲ့ စမတ်ဖုန်းဟာ Clamshell ဒီဇိုင်းနဲ့ Foldable ဖုန်းတစ်ခုလို့ ဖော်ပြခဲ့ကြပေမယ့် ယနေ့မှာတော့ TENAA မှာ ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ Galaxy Fold ရဲ့ 5G ဗားရှင်းသာ ဖြစ်နေတာကို တွေ့ရပါတယ်။

တရုတ် Database ဖြစ်တဲ့ TENAA ဟာ W20 5G ရဲ့ ပထမဆုံးပုံရိပ်တွေနဲ့ Specs တွေကို ပြသပေးခဲ့ပြီး ဒီဖုန်းဟာ ကိုယ်ထည်အချိုးအစား 160.9 x 117.9 x 6.9mm ရှိနေပြီး Galaxy Fold ရဲ့ဖြန့်ထားတဲ့ ပမာဏနဲ့ တူညီနေပါတယ်။ ဒီစာရင်းမှာ ဒုတိယ Screen ပါဝင်နေတာကိုလည်း အတည်ပြုပေးခဲ့ပြီး ဒုတိယမြောက် Display ကတော့ 4.6” ရှိပါတယ်။

ဒါကြောင့် ယခင်က တရုတ်ဈေးကွက်ကို မိတ်ဆက်ခဲ့တဲ့ Samsung W2019 ရဲ့ဆက်ခံသူမဟုတ်တော့ဘဲ Galaxy Fold ကိုသာ 5G ဗားရှင်းအဖြစ် မိတ်ဆက်လာတာလို့ ဆိုရင်မှားမယ် မထင်ပါဘူး။ W20 5G စမတ်ဖုန်းဟာ 5G ဗားရှင်း ဖြစ်ပေမယ့် ဘက္ထရီပမာဏ 4,135 mAh သာ ပါဝင်တာကို တွေ့ရပြီး မူရင်း Galaxy Fold မှာတောင် 4,380 mAh ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ထွက်ရှိလာမယ့်အချိန်မှာတော့ ပြောင်းလဲကောင်း ပြောင်းလဲနေနိုင်ပါသေးတယ်။

Samsung ကတော့ Galaxy W20 ရဲ့မိတ်ဆက်ပွဲကို နိုဝင်ဘာ ၁၉ မှာ ပြုလုပ်သွားတော့မှာပါ။ ဒီအချိန်ထိ ဈေးနှုန်းနဲ့ အခြား အချက်အလက်တွေကိုလည်း မသိရသေးပါဘူး။ မကြာသေးခင်ကမှ တရုတ်ပြည်တွင်းမှာ Galaxy Fold ရောင်းချခဲ့တဲ့ ပုံစံကိုကြည့်ရင် W20 5G ဟာလည်း အချိန်တိုအတွင်း ရောင်းကုန်သွားမယ့်ပုံပါပဲ။

Ref – GSM Arena