Samsung ကနေ တရုတ်ပြည်မှာ Luxury Market ကိုရည်ရွယ်ပြီးတော့ W2018 အမည်ရတဲ့ခေါက်ဖုန်းတစ်မျိုးကို ထုတ်ဖော်ပြသလိုက်ပါတယ်။ အဆိုပါ Samsung W2018 ခေါက်ဖုန်းဟာဆိုရင် Samsung Galaxy Note 8 ထက်တောင် ၃ ဆလောက်ဈေးပိုများပြီး ဒေါ်လာ ၃၀၀၀ ကျော်အထိ ကျသင့်မှာဖြစ်ပါတယ်။

ဘာဖြစ်လို့ ဒီလောက်တောင်ဈေးများနေရတာလဲဆိုရင် အဆိုပါ W2018 ဖုန်းဟာ Samsung ရဲ့ W Series ခေါက်ဖုန်းတွေထဲမှာ ၁၀ နှစ်ပြည့်အနေနဲ့ ထုတ်လုပ်တဲ့ဖုန်းဖြစ်လို့ပဲဖြစ်ပါတယ်။

Samsung W2018 ဖုန်းမှာ 4.2″ Full HD AMOLED Display ၂ ခုပါဝင်မှာဖြစ်ပြီး Fingerprint Scanner အပြင် လက်ရှိစမတ်ဖုန်းတွေထဲမှာ ပထမဆုံးသော Aperture f1.5 ပါဝင်တဲ့ 12MP Camera ကို တပ်ဆင်ထားတာပဲဖြစ်ပါတယ်။ Front Selfie Camera အနေနဲ့လည်း 5MP Camera ပါဝင်ဦးမှာဖြစ်ပါတယ်။

ဒါတင်မကသေးပဲ Samsung ရဲ့ Bixby Voice Assistant ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပြီး ဖုန်းရဲ့ကိုယ်ထည်ကို Gorilla Glass နဲ့ကာကွယ်ထားတဲ့ ရွှေရောင်နဲ့ Platinum အရောင်စပ်နဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

Specifications တွေအရတော့ Samsung W2018 ခေါက်ဖုန်းမှာ Qualcomm Snapdragon 835 Processor, RAM 6GB နဲ့ ROM 64GB သို့မဟုတ် 256GB ပါဝင်လာမယ်လို့ သိရပါတယ်။ Battery အနေနဲ့တော့ 2300mAh ပဲ ပါဝင်မှာဖြစ်ပါတယ်။