Samsung က ဒီနှစ်မှာ စမတ်ဖုန်း သန်း ၂၆၀ ဝန်းကျင် ရောင်းချနိုင်မယ်လို့ မျှော်လင့်ထားပြီး ၂၀၂၃ ခုနှစ်မှာ သန်း ၂၇၀ ဝန်းကျင် ရောင်းချနိုင်ဖို့ ရည်မှန်းထားတယ်လို့ တောင်ကိုရီးယားက သတင်းထွက်လာပါတယ်။ ကုမ္ပဏီရဲ့ Device တွေဟာ ၂၀၁၇ ခုနှစ်မှာ ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့ပြီး သန်း ၃၂၀ တောင် ရောင်းချနိုင်ခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာတော့ သန်း ၃၀၀ မကျော်တော့ပါဘူး။

The Next Chapter in Mobile Innovation: Unfold Your World With Galaxy Z Fold3 5G and Galaxy Z Flip3 5G – Samsung Global Newsroom

၂၀၂၂ ခုနှစ်မှာ အလုံးရေ သန်း ၂၆၀ ရောင်းချနိုင်မယ်လို့ တွက်ချက်ထားတဲ့အတွက် အရင်နှစ်ကထက် ၁၀ သန်း ပိုများလာမှာပါ။ ကုမ္ပဏီက နောက်နှစ်မှာလည်း ၁၀ သန်း ထပ်တိုးဖို့ အလိုရှိနေပါတယ်။ ဒီလို ရောင်းချနိုင်ဖို့အတွက် ကုမ္ပဏီက Foldable ဖုန်းတွေကို အာရုံစိုက်မယ်လို့ သိရပါတယ်။ Foldable ဖုန်းတွေဟာ ရိုးရိုး ဖုန်းတွေထက် Samsung အတွက် အမြတ်ငွေတွေ ပိုမို ရရှိစေနိုင်တယ်လို့ တွက်ချက်ထားပါတယ်။

New foldable smartphones from Samsung are the future of mobile – Samsung Newsroom Canada

ဒါပေမယ့် Samsung အုပ်စိုးထားတဲ့ Foldable ဈေးကွက်ကို တရုတ် စမတ်ဖုန်း ကုမ္ပဏီတွေက အပြိုင်အဆိုင် လိုက်လုလာကြပါတယ်။ အဲဒီ ပြိုင်ဖက်တွေဟာ ဈေးသက်သာတဲ့ Foldable တွေကို ထုတ်လုပ်ရောင်းချကာ Samsung ကို စိန်ခေါ်နေပါတယ်။

အခု တောင်ကိုရီးယားက ထွက်လာတဲ့သတင်းအရ Samsung ဟာ နောက်နှစ်ထုတ်မယ့် Galaxy Z Flip နဲ့ Fold Device တွေမှာ တိုးတက်လာတဲ့ ဒီဇိုင်း၊ ပိုကောင်းတဲ့ မာကျောမှုတွေ ထည့်သွင်းထားမှာ ဖြစ်ပြီး ခေါက်ချိုးရာ သိပ်မမြင်ရအောင် ဖန်တီးထားမယ်လို့ သိရပါတယ်။

Ref : gsmarena