နောက်လာမယ့် အနာဂတ်မှာ Screen ကို ခေါက်နိုင်တဲ့ဖုန်းတွေပေါ်ထွက်လာဖို့ များပြားနေတယ်လို့ ပြောလို့ရပါတယ်။ ZTE ကနေလည်း ခေါက်နိုင်တဲ့ Display နဲ့ ဖုန်းကို ထုတ်လုပ်ထားပြီး Huawei ကလည်း နောက်နှစ်ထဲမှာ ခေါက်နိုင်တဲ့ ဖုန်းကို ထုတ်သွားမယ်ဆိုပြီး ပြောကြားထားပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ Samsung ပါ ပါလာပြီလို့ ပြောလို့ရပါတယ်။

အခုအချိန်မှာ Samsung ကနေလည်း ခေါက်နိုင်တဲ့ဖုန်းကိုထုတ်လာတော့မှာပါ။ အခုနောက်ဆုံးသိရှိရတဲ့သတင်းတွေအရ Samsung ကနေ ခေါက်နိုင်တဲ့ဖုန်း Concept Design ကို မူပိုင်ခွင့်တင်လိုက်ပြီပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် အစောဆုံးနောက်နှစ်ထဲမှာ Samsung ကနေ ထုတ်လုပ်ထားတဲ့ခေါက်နိုင်တဲ့ဖုန်းတွေကို မြင်လာရဖို့ ရှိနေပါတယ်။

အခုထွက်ပေါ်လာတဲ့ ဒီဇိုင်းအရ ခေါက်လို့ရတဲ့နေရာက ZTE Axon M ဖုန်းလိုမျိုး လေးထောင့်ကြီးမဟုတ်ပဲ အဆစ်ချိုးတွေကို တွေ့မြင်ရတဲ့အတွက် ဘယ်လိုပုံစံမျိုးဖြစ်လာမယ်ဆိုတာက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ခေါက်နိုင်တဲ့ စမတ်ဖုန်းတွေရဲ့အားသာချက်ကတော့ Screen Display ကို ၂ ခုထည့်သွင်းလာနိုင်တာဖြစ်ပြီးတော့ ခေါက်ထားတဲ့အချိန်မှာလည်း သာမန်ဖုန်းတစ်ခုအနေနဲ့အသုံးပြုနိုင်ပြီး ဖြန့်လိုက်တဲ့အချိန်ကြရင် ပိုပြီးကြီးမားတဲ့ Display တစ်ခုထဲအနေနဲ့ သုံးလို့ရမှာဖြစ်တဲ့အတွက် တကယ်သာဖြစ်လာခဲ့ရင်တော့ အဆင်ပြေတယ်လို့ ပြောလို့ရမှာပါ။