Samsung ကနေ ယခုနှစ် 2018 မော်ဒယ်တွေအနေနဲ့ Samsung Galaxy A8 (2018) ကိုပဲထုတ်လုပ်ထားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Samsung ဟာ Entry Level Series ဖြစ်တဲ့ Samsung J Series မှာလည်း Model အသစ်ထပ်ထုတ်တော့မှာဖြစ်ပါတယ်။

အခုထွက်ရှိလာမယ့် Samsung Galaxy J Series ဖုန်းဟာ Codename SM-J720F ဖြစ်ပြီးတော့ Galaxy J8 (2018) လို့ ခေါ်ဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခု Galaxy J8 (2018) ဖုန်းမှာ Dual Camera တော့ ပါဝင်ဦးမှာမဟုတ်ပဲ သာမန် 12MP Back Camera နဲ့ 5MP Front Camera တပ်ဆင်ထားမယ်လို့ သိရပါတယ်။

အခု Geekbench နဲ့ GFXBench မှာ ထွက်ပေါ်လာတဲ့အချက်အလက်တွေအရ Samsung Galaxy J8 (2018) ဖုန်းမှာ Samsung ရဲ့ Exynos 7885 Chipset ကိုအသုံးပြုလာမှာဖြစ်ပြီးတော့ GPU ကတော့ Mali G-71 ပဲအသုံးပြုထားမှာဖြစ်ပါတယ်။ RAM အနေနဲ့ 4GB ပါဝင်မှာဖြစ်ပြီးတော့ Internal Storage 32GB နဲ့ 5.5″ HD Display ကိုတပ်ဆင်ထားမှာဖြစ်ပါတယ်။

အခု Samsung Galaxy J8 (2018) ဟာ ပထမဆုံးအနေနဲ့ Samsung ဖုန်းတွေထဲမှာ Android 8.0 Oreo OS ကို အသုံးပြုထားတဲ့ စမတ်ဖုန်းဖြစ်ပြီးတော့ နောက်လမှာကျင်းပမယ့် MWC 2018 ပွဲမှာ ပြသသွားမယ်လို့ သိရပါတယ်။