[Zawgyi]

ၿပီးခဲ့တဲ့ တစ္ပတ္တုန္းက Huawei ဟာ ကမာၻ႔နံပါတ္ ၁ စမတ္ဖုန္းထုတ္လုပ္မႈ ကုမၸဏီျဖစ္ဖို႔ ပစ္မွတ္ထားေနေၾကာင္းနဲ႔ အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Honor ကိုေတာ့ နံပါတ္ ၄ ေရာက္ေအာင္ ရည္႐ြယ္ႀကိဳးစားေနေၾကာင္း သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားခဲ့ပါတယ္။

ဒီတစ္ပါတ္မွာေတာ့ လက္ရွိ ကမာၻ႔နံပါတ္ ၁ စမတ္ဖုန္းထုတ္လုပ္သူျဖစ္တဲ့ Samsung က သူတို႔ကုမၸဏီဟာ ေနာက္ထပ္ ၁၀ ႏွစ္အထိ စမတ္ဖုန္းေဈးကြက္ကို ဦးေဆာင္ေနႏိုင္မွာျဖစ္တယ္လို႔ ဆိုလိုက္ပါတယ္။ ဒီသတင္းစကားကို Samsung ရဲ႕ CEO ျဖစ္သူ DJ Koh က ေျပာခဲ့တာျဖစ္ၿပီး ကိုရီးယားနည္းပညာကုမၸဏီႀကီးဘက္က ပထမဆုံးအႀကိမ္ တုံ႔ျပန္ေျပာဆိုခဲ့တာလည္း ျဖစ္ပါတယ္။

Samsung ရဲ႕ ဦးေဆာင္သူေနရာကို ဆုံးရႈံးႏိုင္ဖြယ္ရာအေၾကာင္းအရင္းနဲ႔ ပတ္သက္ၿပီး ေမးျမန္းခဲ့တဲ့ ေမးခြန္းကိုလည္း Samsung အေနနဲ႔ ဆန္းသစ္တီထြင္မႈ၊ ထုတ္ကုန္ရဲ႕ အရည္အေသြးပိုမိုေကာင္းမြန္တိုးတက္ေစမႈ စတဲ့အခ်က္ေတြကို အာ႐ုံစိုက္ထားျခင္းက ေနာက္ထပ္ ဆယ္စုႏွစ္အထိ ေဈးကြက္ကို ဦးေဆာင္ေနႏိုင္မွာျဖစ္တယ္လို႔ Koh က ျပန္လည္ေျဖဆိုသြားတာ ျဖစ္ပါတယ္။

ဒီႏွစ္ပိုင္းမွာ ကမာၻ႔ေဈးကြက္အတြင္း Samsung ရဲ႕ ေရာင္းအားေတြ ထိုးက်သြားေပမယ့္လည္း Folding ဖုန္းနဲ႔ ခ်ဥ္းကပ္ျခင္းကို ယုံၾကည္မႈအျပည့္အဝရွိေနတယ္လို႔ ဆိုပါတယ္။ ဒီဖုန္းဟာ အသုံးျပဳသူအေတြ႕အႀကဳံသစ္ကို အျပည့္အဝေပးအပ္မွာျဖစ္ၿပီး ေနာက္ထပ္ လႈိင္းသစ္တစ္ခုကိုလည္း ျဖစ္ေပၚလာေစမွာျဖစ္တယ္လို႔ Koh က ဆိုပါတယ္။

ဒါ့အျပင္ ကုမၸဏီအေနနဲ႔ Galaxy Fold ရဲ႕ မ်က္ႏွာျပင္ပိုင္းဆိုင္ရာကို ပိုၿပီးေကာင္းမြန္ေအာင္ အဆင့္ျမႇင့္တင္ဖို႔ကိစၥနဲ႔ အလုပ္မ်ားေနေၾကာင္းလည္း Koh က အတည္ျပဳေျပာဆိုသြားခဲ့ပါေသးတယ္။ ဒါ့အျပင္ Samsung ဟာ Foldable ဖုန္းေတြကို သုံးစြဲသူအလႊာအမ်ိဳးမ်ိဳးအတြက္ က်ယ္က်ယ္ျပန႔္ျပန႔္ ထုတ္လုပ္ေရာင္းခ်သြားဖို႔ အဆင္သင့္ ျဖစ္ေနၿပီလို႔လည္း ဆိုပါတယ္။

Ref: GSMArena

[Unicode]

Samsung ဟာ နောက်ထပ် ၁၀ နှစ်အထိ စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်သွားမယ်လို့ CEO DJ Koh ပြော

ပြီးခဲ့တဲ့ တစ်ပတ်တုန်းက Huawei ဟာ ကမ္ဘာ့နံပါတ် ၁ စမတ်ဖုန်းထုတ်လုပ်မှု ကုမ္ပဏီဖြစ်ဖို့ ပစ်မှတ်ထားနေကြောင်းနဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ကိုတော့ နံပါတ် ၄ ရောက်အောင် ရည်ရွယ်ကြိုးစားနေကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

ဒီတစ်ပါတ်မှာတော့ လက်ရှိ ကမ္ဘာ့နံပါတ် ၁ စမတ်ဖုန်းထုတ်လုပ်သူဖြစ်တဲ့ Samsung က သူတို့ကုမ္ပဏီဟာ နောက်ထပ် ၁၀ နှစ်အထိ စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်နေနိုင်မှာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဒီသတင်းစကားကို Samsung ရဲ့ CEO ဖြစ်သူ DJ Koh က ပြောခဲ့တာဖြစ်ပြီး ကိုရီးယားနည်းပညာကုမ္ပဏီကြီးဘက်က ပထမဆုံးအကြိမ် တုံ့ပြန်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

Samsung ရဲ့ ဦးဆောင်သူနေရာကို ဆုံးရှုံးနိုင်ဖွယ်ရာအကြောင်းအရင်းနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တဲ့ မေးခွန်းကိုလည်း Samsung အနေနဲ့ ဆန်းသစ်တီထွင်မှု၊ ထုတ်ကုန်ရဲ့ အရည်အသွေးပိုမိုကောင်းမွန်တိုးတက်စေမှု စတဲ့အချက်တွေကို အာရုံစိုက်ထားခြင်းက နောက်ထပ် ဆယ်စုနှစ်အထိ ဈေးကွက်ကို ဦးဆောင်နေနိုင်မှာဖြစ်တယ်လို့ Koh က ပြန်လည်ဖြေဆိုသွားတာ ဖြစ်ပါတယ်။

ဒီနှစ်ပိုင်းမှာ ကမ္ဘာ့ဈေးကွက်အတွင်း Samsung ရဲ့ ရောင်းအားတွေ ထိုးကျသွားပေမယ့်လည်း Folding ဖုန်းနဲ့ ချဉ်းကပ်ခြင်းကို ယုံကြည်မှုအပြည့်အဝရှိနေတယ်လို့ ဆိုပါတယ်။ ဒီဖုန်းဟာ အသုံးပြုသူအတွေ့အကြုံသစ်ကို အပြည့်အဝပေးအပ်မှာဖြစ်ပြီး နောက်ထပ် လှိုင်းသစ်တစ်ခုကိုလည်း ဖြစ်ပေါ်လာစေမှာဖြစ်တယ်လို့ Koh က ဆိုပါတယ်။

ဒါ့အပြင် ကုမ္ပဏီအနေနဲ့ Galaxy Fold ရဲ့ မျက်နှာပြင်ပိုင်းဆိုင်ရာကို ပိုပြီးကောင်းမွန်အောင် အဆင့်မြှင့်တင်ဖို့ကိစ္စနဲ့ အလုပ်များနေကြောင်းလည်း Koh က အတည်ပြုပြောဆိုသွားခဲ့ပါသေးတယ်။ ဒါ့အပြင် Samsung ဟာ Foldable ဖုန်းတွေကို သုံးစွဲသူအလွှာအမျိုးမျိုးအတွက် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ရောင်းချသွားဖို့ အဆင်သင့် ဖြစ်နေပြီလို့လည်း ဆိုပါတယ်။

Ref: GSMArena