[Zawgyi]

ၾသဂုတ္လကုန္ပိုင္းေလာက္က OneUI 2.0 Hands-on ဗီဒီယို ေပါက္ၾကားထြက္ေပၚလာခဲ့ပါတယ္။ အခုေတာ့ Samsung ဟာ Android 10 ကို အေျခခံထားတဲ့ OneUI 2.0 beta ကို လာမယ့္ ရက္သတၱပတ္ေတြထဲမွာ ထုတ္လႊတ္ေပးႏိုင္ဖို႔ အရွိန္ျမႇင့္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

ကုမၸဏီဟာ Galaxy S10 လိုင္းအတြက္ OneUI 2.0 beta ကို မၾကာခင္ထုတ္ေပးေတာ့မယ္လို႔ တရားဝင္ေၾကညာလိုက္ပါတယ္။ ထုတ္ေပးမယ့္အခ်ိန္ကို Teaser ပိုစတာမွာ ေဖာ္ျပမထားေပမယ့္ သိပ္မေဝးတဲ့ ရက္သတၱပတ္အတြင္း ျဖစ္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Beta ထုတ္ေပးတာကေတာ့ အကန႔္အသတ္နဲ႔ပဲျဖစ္ၿပီး ကနဦးစမ္းသပ္မႈအေနနဲ႔ ေတာင္ကိုရီးယားက အသုံးျပဳသူေတြပဲ ရလိမ့္မယ္လို႔ သိရပါတယ္။ ဒီေနာက္ပိုင္းမွာမွ အျခားေဒသေတြက အသုံးျပဳသူေတြဆီကို ျဖန႔္ေဝလာဖြယ္ ရွိတာပါ။ ဒါ့အျပင္ စမ္းသပ္အသုံးျပဳလိုသူေတြကေတာ့ Samsung Members app ကေနတစ္ဆင့္ Register လုပ္ရမွာ ျဖစ္ပါတယ္။

ပိုစတာမွာ ေဖာ္ျပထားတာကေတာ့ Galaxy S10e, Galaxy S10 နဲ႔ Galaxy S10+ တို႔ဟာ Firmware သစ္ကို ပထမဆုံးရမယ့္ ေမာ္ဒယ္ေတြပဲ ျဖစ္ၾကပါတယ္။ Galaxy S10 5G အမ်ိဳးအစားကေတာ့ ေနာက္ပိုင္းက်မွ OneUI 2.0 သုံးလို႔ရမွာျဖစ္ပါတယ္။ လက္ရွိေဖာ္ျပထားတဲ့အထဲမွာ Note 10 series ေတြလည္း မပါဝင္ေသးတာေၾကာင့္ Stable beta ကို ေစာင့္ဆိုင္းရဖြယ္ရွိပါတယ္။

Ref: GSM Arena

[Unicode]

OneUI 2.0 beta ထုတ်ပေးတော့မယ်လို့ Samsung ကြေညာ

သြဂုတ်လကုန်ပိုင်းလောက်က OneUI 2.0 Hands-on ဗီဒီယို ပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။ အခုတော့ Samsung ဟာ Android 10 ကို အခြေခံထားတဲ့ OneUI 2.0 beta ကို လာမယ့် ရက်သတ္တပတ်တွေထဲမှာ ထုတ်လွှတ်ပေးနိုင်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကုမ္ပဏီဟာ Galaxy S10 လိုင်းအတွက် OneUI 2.0 beta ကို မကြာခင်ထုတ်ပေးတော့မယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။ ထုတ်ပေးမယ့်အချိန်ကို Teaser ပိုစတာမှာ ဖော်ပြမထားပေမယ့် သိပ်မဝေးတဲ့ ရက်သတ္တပတ်အတွင်း ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

Beta ထုတ်ပေးတာကတော့ အကန့်အသတ်နဲ့ပဲဖြစ်ပြီး ကနဦးစမ်းသပ်မှုအနေနဲ့ တောင်ကိုရီးယားက အသုံးပြုသူတွေပဲ ရလိမ့်မယ်လို့ သိရပါတယ်။ ဒီနောက်ပိုင်းမှာမှ အခြားဒေသတွေက အသုံးပြုသူတွေဆီကို ဖြန့်ဝေလာဖွယ် ရှိတာပါ။ ဒါ့အပြင် စမ်းသပ်အသုံးပြုလိုသူတွေကတော့ Samsung Members app ကနေတစ်ဆင့် Register လုပ်ရမှာ ဖြစ်ပါတယ်။

ပိုစတာမှာ ဖော်ပြထားတာကတော့ Galaxy S10e, Galaxy S10 နဲ့ Galaxy S10+ တို့ဟာ Firmware သစ်ကို ပထမဆုံးရမယ့် မော်ဒယ်တွေပဲ ဖြစ်ကြပါတယ်။ Galaxy S10 5G အမျိုးအစားကတော့ နောက်ပိုင်းကျမှ OneUI 2.0 သုံးလို့ရမှာဖြစ်ပါတယ်။ လက်ရှိဖော်ပြထားတဲ့အထဲမှာ Note 10 series တွေလည်း မပါဝင်သေးတာကြောင့် Stable beta ကို စောင့်ဆိုင်းရဖွယ်ရှိပါတယ်။

Ref: GSM Arena