Samsung ရဲ့နောက်ထပ်လာမယ့် Flagship ဖုန်းအသစ်က iPhone တွေထက် ပိုစိတ်ဝင်စားဖို့ကောင်းလာမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ Samsung တိုးတိုးတိတ်တိတ်လုပ်နေတာ တစ်ခုရှိပါတယ်။ အဲ့တာကတော့ Display ပါခေါက်လို့ရတဲ့ ဖုန်းပါ။

လက်ရှိ Galaxy S Series တွေနဲ့ Note Series တွေမှာပါတဲ့ Edge Screen တွေက OLED ကိုကွေးပြီးထည့်ထားတာပါ။ OLED တွေကို အခုထက်ပြို့ပီးကွေးလို့ရအောင်လုပ်လာနိုင်ပြီး အကြမ်းခံနိုင်အောင် လုပ်လာနိုင်ရင်တော့ Samsung ရဲ့စိတ်ကူးက တစ်ကယ်ဖြစ်လာနိုင်မှာပါ။ ဒါပေမယ့် လက်ရှိအချိန်အထိ ကွေးလို့၊ ခေါက်လို့ရတဲ့ ဖုန်းနဲ့ပတ်သက်တာအားလုံးးက တစ်ခုမှရေရေရာရာ မရှိသေးတာတော့ အမှန်ပါပဲ။

Samsung အနေနဲ့ ကွေးလို့၊ ခေါက်လို့ရတဲ့ ဖုန်းတွေအတွက် Design တွေကိုတော့ မူပိုင်ခွင့်ယူထားတာ တော်တော်များပါတယ်။ ဒါပေမယ့် တစ်ကယ်ထုတ်ကုန်တစ်ခုကိုတော့ အခုအချိန်အထိထုတ်လုပ်ဖို့ခက်ခဲ့နေပုံပါပဲ။ နောက်လာမယ့် Galaxy S10 မှာ Apple က iPhone X ကို ပြောင်းသလိုမျိုးပဲ Samsung ကလည်း Galaxy ဖုန်းအသစ်ကို မိတ်ဆက်လာနိုင်မယ်လို့ သတင်းတွေကတော့ မနားတမ်းထွက်နေပါတယ်။

Samsung ကတော့ နောက်ဖုန်းအတွက်ပြင်ဆင်နေပြီဆိုပေမယ့် သတင်းပေါက်တာမျိုးတွေအတွက်တော့ အချိန်က စောလွန်းနေပါသေးတယ်။ ကွေးလို့ရတဲ့ ဖုန်းကို မထုတ်နိုင်ဘူးဆိုရင်တောင် Samsung ကတော့ အခြားဖုန်းတွေလို လိုက်လုပ်မှာမဟုတ်ဘူးလို့ ယူဆရပါတယ်။ Diaplay ကို ကွေးတာထက် ဖုန်းနောက်ကျောဖက်ကိုပါ ရောက်လာအောင်ထည့်လာနိုင်သလို Dispaly နဲ့ပတ်သက်ပြီး အခုထက် ပိုစိတ်ဝင်စားစရာတစ်ခုခုကိုလည်း ထုတ်ပြနိုင်ပါတယ်။ အခုချိန်မှာတော့ OLED နည်းပညာတွေက တော်တော်လေးကို ခရီးရောက်နေပြီဖြစ်တာကြောင့် နောက်တစ်ဆင့်ကိုတိုးတက်လာမယ့် စမတ်ဖုန်း Display တွေကို Samsung ဆီက မြင်ရဖို့ကတော့ သေချာပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ Samsung ဟာ Galaxy S9 စမတ်ဖုန်းတွေ ရောင်းအားက သိသိသာသာမကောင်းခဲ့တဲ့အတွက် အခုဆန်းသစ်လာမယ့် Galaxy S10 စမတ်ဖုန်းကို လာမယ့် ၂၀၁၉ ခုနစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် MWC Event မတိုင်ခင်မှာတင် ဇန်နဝါရီလလောက်မှာ ပြသသွားပြီး နောက်နှစ်အတွက် စမတ်ဖုန်းကို ဈေးကွက်ကို ဦးဆောင်ဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။