Samsung ကနေ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀၁၈ ခုနှစ်တုန်းက Galaxy Note 9 စမတ်ဖုန်းနဲ့အတူ Smart Speaker ဖြစ်တဲ့ Galaxy Home ကို မိတ်ဆက်သွားခဲ့ပါတယ်။ ဒါပေမယ့်လက်ရှိအချိန်အထိ Galaxy Home ကို ရောင်းချနိုင်ခြင်းမရှိသေးပါဘူး။

အခုလည်း Samsung ကနေ အဆိုပါ Galaxy Home Smart Speaker ကို ရောင်းချမယ့်အစား နောက်ထပ် Smart Speaker အသစ်ကို Galaxy S20 Series တွေရဲ့ Unpacked Event အပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ရောင်းချသွားမယ်လို့ သိရပါတယ်။ ဒီ Smart Speaker အသစ်ကိုတော့ Galaxy Home Mini လို့ ခေါ်ဆိုသွားမှာဖြစ်ပါတယ်။

အဆိုပါ Galaxy Home Mini ဟာ Galaxy Home ထက် သေးငယ်တဲ့ Version ဖြစ်ပြီးတော့ ထူးခြားချက်အနေနဲ့ IR Function ကို Support ပြုလုပ်တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်အိမ်မှာရှိတဲ့ TV ၊ Air-con အပါအဝင် IR Remote အသုံးပြုပြီး ထိန်းချုပ်ရတဲ့ ပစ္စည်းတွေကို Galaxy Home Mini နဲ့ ထိန်းချုပ်နိုင်မှာပါ။

Samsung Galaxy Home Mini ဟာ AKG Speaker တွေကို အသုံးပြုထားပြီး ပုံမှန် Smart Home Connectivity နဲ့ Bixby Voice Assistant တွေကို အသုံးပြုနိုင်မှာပါ။ လောလောဆယ်မှာတော့ Galaxy Home Mini ကို ကိုရီးယားနိုင်ငံမှာ 99,000KRW နဲ့ ရောင်းချသွားမှာဖြစ်ပြီး အဆိုပါစျေးနှုန်းဟာ $83 ဝန်းကျင် (မြန်မာငွေ ၁ သိန်း ၂ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ Google ရဲ့ Nest Mini အပါအဝင် Amazon Alexa Mini လိုမျိုး Assistant ပိုင်းမှာ ပိုကောင်းတဲ့ Smart Speaker တွေတောင်မှ $50 ဝန်းကျင်ပဲရှိတဲ့အတွက် Galaxy Home Mini က အောင်မြင်တဲ့ Smart Speaker ဖြစ်လာမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – Gizmo China