Samsung ကနေ မနှစ်ကထွက်ရှိခဲ့တဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Samsung Galaxy S8 အတွက် Android Oreo Update ကို ရောက်ဆုံးမှာတော့ ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် အခြားသော Android Oreo Update ရရှိမယ့် Samsung Devices တွေကိုလည်း ကြေငြာခဲ့ပါတယ်။

Samsung ကနေ ယခု S8 အရှေ့ကထွက်ရှိထားတဲ့ Galaxy S7 ကိုလည်း Android Oreo Update ထုတ်ပေးသွားမှာဖြစ်ပြီး Mid Range ဖုန်းတွေဖြစ်တဲ့ Galaxy A7 (2017) နဲ့ A5 (2017) ဖုန်းတွေအတွက်ပါ Oreo Update ရရှိမယ်လို့ ကြေငြာသွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် Samsung အနေနဲ့ ထူးဆန်းတယ်လို့ ပြောနိုင်တဲ့ ကိစ္စတစ်ခုကတော့ Samsung ရဲ့ Tablet တစ်ခုဖြစ်တဲ့ Galaxy Tab S3 ကိုပါ Android Oreo Update ပြုလုပ်ပေးမယ့် စာရင်းထဲကို ထည့်သွင်းထားတာဖြစ်ပါတယ်။

အခု List မှာမပါဝင်တဲ့ Samsung Devices တွေကတော့ Update ရရှိမယ့်ပုံမပေါ်တော့ပါဘူး။