Samsung ရဲ့ Flagship Series ၂ ခုဖြစ်တဲ့ Galaxy S Series နဲ့ Galaxy Note Series စမတ်ဖုန်းတွေဟာ သာမန် Samsung ဖုန်း Series တွေထက် System Update ကို ပိုမိုရရှိတဲ့ စမတ်ဖုန်းတွေပဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ ထွက်ရှိခဲ့တာ ၃ နှစ်လောက်ရှိပြီဖြစ်တဲ့ Samsung Galaxy S6 ၊ S6 Edge နဲ့ S6 Edge+ စမတ်ဖုန်းတွေအပြင် Samsung Galaxy Note 5 စမတ်ဖုန်းတွေကို Android Version 8.0 Oreo ကို Update ပြုလုပ်ပေးသွားနိုင်ဖွယ်ရှိပါတယ်။ အခုသတင်းကို T-Mobile ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Android Oreo ကို Update ပြုလုပ်နိုင်တယ်လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

Samsung Galaxy S6 စမတ်ဖုန်းဟာ ယခင်မကြာသေးခင်ကလည်း Android Oreo ကို ရရှိမယ့် Samsung ဖုန်းတွေထဲမှာပါဝင်တယ်လို့ Samsung ကိုယ်တိုင်က ပြောကြားထားခဲ့တဲ့စမတ်ဖုန်းဖြစ်ပြီး လက်ရှိသိရတဲ့သတင်းတွေအရ Samsung ဟာ Galaxy S7 နဲ့ S7 Edge တို့အတွက် Android Oreo Update ထုတ်ပြီးရင် S6 ဖုန်းအတွက် ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒါဟာ Samsung Galaxy S6 စမတ်ဖုန်းအတွက်ပဲဖြစ်ပြီး Galaxy Note 5 ဖုန်းအတွက်ကတော့ လက်ရှိအချိန်အထိတောင် Galaxy Note 8 အတွက် Android Oreo ရရှိခြင်းမရှိသေးတဲ့အတွက် အချိန်တော့ စောင့်ရဦးမယ်လို့ ပြောလို့ရပါတယ်။