Zawgyi

ျပီးခဲ့တဲ့လပိုင္းတုန္းက Samsung ကေန Pixel Binning နည္းပညာကိုပဲ အသံုးျပဳထားတဲ့ 64MP Size နဲ႔ 48MP Size ရွိတဲ့ ISOCELL Bright GW1 နဲ႔ Bright GM2 Camera Sensor ေတြကိုျပသသြားခဲ့ပါတယ္။ အဆုိပါ Sensor ေတြထဲက 64MP Camera Sensor ကလက္ရွိမွာ Megapixel အမ်ားဆံုး Camera Sensor တစ္ခုျဖစ္လာျပီးေတာ့ Samsung ကေန လာမယ့္ Galaxy A Series စမတ္ဖုန္းအသစ္မွာ ပထမဆံုးအေနနဲ႔ ထည့္သြင္းေပးသြားမယ္လုိ႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဲ့ဒီအတြက္ အေစာပိုင္းတုန္းက Galaxy A70 စမတ္ဖုန္းမွာ အခုမိတ္ဆက္ထားျပီးျဖစ္တဲ့ 64MP Camera Sensor ကိုထည့္သြင္းလာေလာက္တယ္လုိ႔ ယူဆခဲ့ၾကေပမယ့္ တကယ္တမ္းထြက္လာတဲ့အခ်ိန္မွာေတာ့ ပံုမွန္ 32MP Camera Sensor ကိုပဲ အသံုးျပဳသြားခဲ့ပါတယ္။ အဲ့ဒီအတြက္ Samsung ကေန High-end A Series ဖုန္းတစ္ခုအေနနဲ႔ မိတ္ဆက္ဖုိ႔က်န္ေနေသးတဲ့ Galaxy A90 ဖုန္းမွာပဲ ပါလာဖို႔ရွိေတာ့တာျဖစ္ပါတယ္။

အဲ့ဒီအတြက္ ဒီလုိမ်ိဳး ပထမဆံုးေသာ 64MP Camera Sensor နဲ႔ ဖုန္းက Samsung Galaxy A90 ျဖစ္ေလာက္တယ္လုိ႔ ေျပာလုိ႔ရခဲ့တယ္ဆုိေပမယ့္ အခုထြက္ရွိလာတဲ့သတင္းအရေတာ့ Samsung က ကမၻာ႔ပထမဆံုး 64MP Camera ပါဝင္တဲ့ စမတ္ဖုန္းကို မိတ္ဆက္ႏုိင္ေတာ့မွာမဟုတ္ဘူးလုိ႔ သိရပါတယ္။ အဲ့ဒီအစား ပထမဆံုးေသာ 64MP Camera Sensor ပါဝင္လာတဲ့ဖုန္းကို Xiaomi ကေန ထုတ္လုပ္သြားမွာျဖစ္ပါတယ္။

အခုသတင္းကို နာမည္ၾကီး Leaker တစ္ေယာက္ျဖစ္တဲ့ Ice Universe ကေန တင္ထားခဲ့တာျဖစ္ျပီးေတာ့ Samsung ရဲ႕ ယခု Bright GW1 64MP Camera Sensor ကို ႏုိင္ငံတကာေစ်းကြက္မွာေတာ့ အမ်ိဳးအမည္အတည္မျပဳႏုိင္ေသးတဲ့ Galaxy A Series ဖုန္းသစ္မွာ အသံုးျပဳလာမွာျဖစ္ေပမယ့္ Chinese Domestic ေစ်းကြက္မွာေတာ့ Xiaomi ရဲ႕ Redmi Series စမတ္ဖုန္းက ကမၻာ႔ပထမဆံုး 64MP Camera ပါဝင္တဲ့ဖုန္းအေနနဲ႔ ထြက္ရွိလာမွာျဖစ္တယ္လုိ႔ သိရပါတယ္။

အခု Samsung ရဲ႕ ISOCELL Bright GW1 64MP Camera Sensor က လက္ရွိ 48MP Camera Sensor ေတြလုိမ်ိဳးပဲ Pixel Binning နည္းပညာကိုအသံုးျပဳတဲ့အတြက္ 16MP အေနနဲ႔ Default ရုိက္ကူးသြားမွာျဖစ္ျပီးေတာ့ အလင္းေရာင္ဖမ္းယူမႈအားပိုေကာင္းလာတဲ့ Dual Conversion Gain (DCG) နည္းပညာကို အသံုးျပဳထားတာလည္းျဖစ္ပါတယ္။ ဒါ့အျပင္ အလြန္ျမန္ဆန္တဲ့ Second Generation Phase Detection Auto Focus ၊ Full HD Resolution Video ကို 480fps Slow Motion ရုိက္ကူးႏုိင္တဲ့ စြမ္းေဆာင္ရည္ေတြလည္းပါဝင္ေနမွာပါ။

အဲ့ဒီအတြက္ Redmi Note 7 ဖုန္းမွာ 48MP Camera နဲ႔ လူတိုင္းအသည္းစြဲျဖစ္ခဲ့သေလာက္ ဒီတစ္ၾကိမ္မွာလည္း Samsung ရဲ႕ 64MP Camera နဲ႔ ဘယ္လုိ Redmi Series ဖုန္းကို ပြဲထုတ္လာဦးမလဲဆိုတာ စိတ္ဝင္စားဖုိ႔ေကာင္းေနပါျပီ။

Ref – Phone Arena

Unicode 

ပြီးခဲ့တဲ့လပိုင်းတုန်းက Samsung ကနေ Pixel Binning နည်းပညာကိုပဲ အသုံးပြုထားတဲ့ 64MP Size နဲ့ 48MP Size ရှိတဲ့ ISOCELL Bright GW1 နဲ့ Bright GM2 Camera Sensor တွေကိုပြသသွားခဲ့ပါတယ်။ အဆိုပါ Sensor တွေထဲက 64MP Camera Sensor ကလက်ရှိမှာ Megapixel အများဆုံး Camera Sensor တစ်ခုဖြစ်လာပြီးတော့ Samsung ကနေ လာမယ့် Galaxy A Series စမတ်ဖုန်းအသစ်မှာ ပထမဆုံးအနေနဲ့ ထည့်သွင်းပေးသွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် အစောပိုင်းတုန်းက Galaxy A70 စမတ်ဖုန်းမှာ အခုမိတ်ဆက်ထားပြီးဖြစ်တဲ့ 64MP Camera Sensor ကိုထည့်သွင်းလာလောက်တယ်လို့ ယူဆခဲ့ကြပေမယ့် တကယ်တမ်းထွက်လာတဲ့အချိန်မှာတော့ ပုံမှန် 32MP Camera Sensor ကိုပဲ အသုံးပြုသွားခဲ့ပါတယ်။ အဲ့ဒီအတွက် Samsung ကနေ High-end A Series ဖုန်းတစ်ခုအနေနဲ့ မိတ်ဆက်ဖို့ကျန်နေသေးတဲ့ Galaxy A90 ဖုန်းမှာပဲ ပါလာဖို့ရှိတော့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် ဒီလိုမျိုး ပထမဆုံးသော 64MP Camera Sensor နဲ့ ဖုန်းက Samsung Galaxy A90 ဖြစ်လောက်တယ်လို့ ပြောလို့ရခဲ့တယ်ဆိုပေမယ့် အခုထွက်ရှိလာတဲ့သတင်းအရတော့ Samsung က ကမ္ဘာ့ပထမဆုံး 64MP Camera ပါဝင်တဲ့ စမတ်ဖုန်းကို မိတ်ဆက်နိုင်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ အဲ့ဒီအစား ပထမဆုံးသော 64MP Camera Sensor ပါဝင်လာတဲ့ဖုန်းကို Xiaomi ကနေ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

အခုသတင်းကို နာမည်ကြီး Leaker တစ်ယောက်ဖြစ်တဲ့ Ice Universe ကနေ တင်ထားခဲ့တာဖြစ်ပြီးတော့ Samsung ရဲ့ ယခု Bright GW1 64MP Camera Sensor ကို နိုင်ငံတကာဈေးကွက်မှာတော့ အမျိုးအမည်အတည်မပြုနိုင်သေးတဲ့ Galaxy A Series ဖုန်းသစ်မှာ အသုံးပြုလာမှာဖြစ်ပေမယ့် Chinese Domestic ဈေးကွက်မှာတော့ Xiaomi ရဲ့ Redmi Series စမတ်ဖုန်းက ကမ္ဘာ့ပထမဆုံး 64MP Camera ပါဝင်တဲ့ဖုန်းအနေနဲ့ ထွက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။

အခု Samsung ရဲ့ ISOCELL Bright GW1 64MP Camera Sensor က လက်ရှိ 48MP Camera Sensor တွေလိုမျိုးပဲ Pixel Binning နည်းပညာကိုအသုံးပြုတဲ့အတွက် 16MP အနေနဲ့ Default ရိုက်ကူးသွားမှာဖြစ်ပြီးတော့ အလင်းရောင်ဖမ်းယူမှုအားပိုကောင်းလာတဲ့ Dual Conversion Gain (DCG) နည်းပညာကို အသုံးပြုထားတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အလွန်မြန်ဆန်တဲ့ Second Generation Phase Detection Auto Focus ၊ Full HD Resolution Video ကို 480fps Slow Motion ရိုက်ကူးနိုင်တဲ့ စွမ်းဆောင်ရည်တွေလည်းပါဝင်နေမှာပါ။

အဲ့ဒီအတွက် Redmi Note 7 ဖုန်းမှာ 48MP Camera နဲ့ လူတိုင်းအသည်းစွဲဖြစ်ခဲ့သလောက် ဒီတစ်ကြိမ်မှာလည်း Samsung ရဲ့ 64MP Camera နဲ့ ဘယ်လို Redmi Series ဖုန်းကို ပွဲထုတ်လာဦးမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

Ref – Phone Arena