[Zawgyi]

64MP Camera ပါတဲ့ စမတ္ဖုန္းေတြေတာင္ မထြက္ေပၚလာေသးပါဘူး။ အခုေတာ့ Samsung က 64MP ထက္ Pixels ေတြ ၅၀ ရာခုိင္ႏႈန္းေက်ာ္ ပိုပါတဲ့ 108MP Camera Sensor ကို ေၾကညာလိုက္ပါတယ္။ Samsung ISOCELL Bright HMX လို႔ နာမည္ေပးထားၿပီး Xiaomi နဲ႔ ပူးေပါင္းဒီဇိုင္းထုတ္ထားပါတယ္။ Samsung က အဲဒီကင္မရာဟာ ဖုန္းေတြအတြက္ 100 Million Pixel ပါတဲ့ ပထမဆံုး ကင္မရာလို႔ ေျပာပါတယ္။ အရည္အေသြးျမင့္ ဓါတ္ပံုေတြကို ဖန္တီးေပးႏုိင္ၿပီး 30fps နဲ႔ 6K Video (6016 x 3384) ေတြကို ရိုက္ကူးေပးႏိုင္ပါတယ္။

တကယ္ေတာ့ အဲဒီေလာက္ Resolution ျမင့္တဲ့ ဓါတ္ပံုေတြ မလိုအပ္ပါဘူး။ Bright HMX က Pixel ၄ ခုကို ၁ ခု အျဖစ္ ေပါင္းစပ္ျခင္းျဖင့္ အရည္အေသြးျမင့္ 27MP Images ေတြ ဖန္တီးေပးႏုိင္ပါတယ္။ Low-light Performance ေတြကလည္း လန္းမွာပါ။ Samsung က အဲဒီကင္မရာမွာ Smart-ISO နည္းပညာ ထည့္သြင္းထားၿပီး အလင္းေရာင္နည္းပါးတဲ့ အခ်ိန္ေတြမွာ ဓါတ္ပံုေကာင္းေတြ ထုတ္လုပ္ေပးႏုိင္ဖို႔ Sensor ရဲ႕ ISO Levels ကို အလိုလို ခ်ိန္ညွိေပးႏုိင္တယ္လို႔ ေျပာပါတယ္။

Samsung နဲ႔ Xiaomi တို႔က Bright HMX ပါမယ့္ ပထမဆံုး ဖုန္းကို မေျပာေသးပါဘူး။ ဒါေပမယ့္ 1/1.33-inch ဟာ အရြယ္အစား ႀကီးမားတဲ့ အတြက္ စမတ္ဖုန္းတိုင္းနဲ႔ အံမကိုက္ဘူးလို႔ Engadget က ေျပာပါတယ္။ Samsung က အဲဒီကင္မရာကို ပထမဆံုးသံုးမယ့္ ဖုန္းကို မေၾကညာေသးပါဘူး။ ဒါေပမယ့္ Xiaomi Mi Mix 4 ဟာ 108MP Camera ပါတဲ့ ပထမဆံုးဖုန္း ျဖစ္လာမယ္လို႔ သတင္းထြက္ေနပါတယ္။ Samsung က ဒီလေႏွာင္းပိုင္းမွာ Bright HMX Sensor ေတြကို အေျမာက္အမ်ား စတင္ထုတ္လုပ္မယ္လို႔ ေျပာပါတယ္။ ဒီႏွစ္ထဲမွာ အဲဒီကင္မရာပါတဲ့ ပထမဆံုးဖုန္း ထြက္လာႏုိင္ပါတယ္။

Ref : theverge

[Unicode]

Samsung က 108MP Camera Sensor ကို ကြေညာ

64MP Camera ပါတဲ့ စမတ်ဖုန်းတွေတောင် မထွက်ပေါ်လာသေးပါဘူး။ အခုတော့ Samsung က 64MP ထက် Pixels တွေ ၅၀ ရာခိုင်နှုန်းကျော် အပိုပါတဲ့ 108MP Camera ကို ကြေညာလိုက်ပါတယ်။ Samsung ISOCELL Bright HMX လို့ နာမည်ပေးထားပြီး Xiaomi နဲ့ ပူးပေါင်း ဒီဇိုင်းထုတ်ထားပါတယ်။ Samsung က အဲဒီ ကင်မရာဟာ ဖုန်းတွေအတွက် 100 Million Pixel ပါတဲ့ ပထမဆုံး ကင်မရာလို့ ပြောပါတယ်။ အဲဒီ ကင်မရာက အရည်အသွေးမြင့် ဓါတ်ပုံတွေကို ဖန်တီးပေးနိုင်ပြီး 30fps နဲ့ 6K Video (6016 x 3384) တွေကို ရိုက်ကူးပေးနိုင်ပါတယ်။

တကယ်တော့ အဲဒီလောက် Resolution မြင့်တဲ့ ဓါတ်ပုံတွေ မလိုအပ်ပါဘူး။ အဲဒီ ကင်မရာက Pixel ၄ ခုကို ၁ ခု အဖြစ် ပေါင်းစပ်ခြင်းဖြင့် အရည်အသွေးမြင့် 27MP Images တွေ ဖန်တီးပေးနိုင်ပါတယ်။ Low-light Performance တွေကလည်း လန်းပါတယ်။ Samsung က အဲဒီ ကင်မရာမှာ Smart-ISO နည်းပညာ ထည့်သွင်းထားပြီး အလင်းရောင်နည်းပါးတဲ့ အချိန်တွေမှာ ဓါတ်ပုံကောင်းတွေ ထုတ်လုပ်ပေးနိုင်ဖို့ Sensor ရဲ့ ISO Levels ကို အလိုလို ချိန်ညှိပေးနိုင်တယ်လို့ ပြောပါတယ်။

Samsung နဲ့ Xiaomi တို့က အဲဒီ ကင်မရာ ပါမယ့် ပထမဆုံး ဖုန်းကို မပြောသေးပါဘူး။ ဒါပေမယ့် 1/1.33-inch ဟာ အရွယ်အစား ကြီးမားတဲ့ အတွက် စမတ်ဖုန်းတိုင်းနဲ့ အံမကိုက်ဘူးလို့ Engadget က ပြောပါတယ်။ Samsung က အဲဒီ ကင်မရာကို ပထမဆုံး သုံးမယ့် ဖုန်းကို မကြေညာသေးပါဘူး။ ဒါပေမယ့် Xiaomi Mi Mix 4 ဟာ 108MP Camera ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာမယ်လို့ သတင်းထွက်နေပါတယ်။ Samsung က ဒီလနှောင်းပိုင်းမှာ အဲဒီ ကင်မရာကို အမြောက်အများ စတင် ထုတ်လုပ်မယ်လို့ ပြောပါတယ်။ ဒီနှစ်ထဲမှာ အဲဒီ ကင်မရာ ပါတဲ့ ပထမဆုံး ဖုန်း ထွက်လာနိုင်ပါတယ်။

Ref : theverge