[Zawgyi]

48MP Camera ပါတဲ့ စမတ္ဖုန္းေတြ ဒီႏွစ္အေစာပိုင္းတုန္းက ထြက္ရွိခဲ့ပါတယ္။ Realme နဲ႔ Redmi တို႔က ဒီထက္ ေကာင္းတဲ့ 64MP Camera ပါတဲ့ စမတ္ဖုန္းေတြကို မၾကာခင္ ေၾကညာေတာ့မွာပါ။ ဒါေပမယ့္ 64MP Camera ထက္လန္းတဲ့ Camera Sensor ရွိေနပါေသးတယ္။ Samsung ရဲ႕ ကင္မရာဌာနက ၾသဂုတ္လ ၁၂ ရက္မွာ 108MP Camera ကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ လကေတာ့ ၂၀၂၀ခုႏွစ္က်မွသာ 108MP Camera ပါတဲ့ စမတ္ဖုန္းေတြကို ျမင္ေတြ႕ရမယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ အခုေတာ့ ဒီထက္ေစာၿပီး ထြက္လာႏိုင္ပါတယ္။ နာမည္ေက်ာ္ Leaker တစ္ေယာက္က Xiaomi ဟာ Samsung ရဲ႕ 108MP Camera ပါတဲ့ ပထမဆံုး စမတ္ဖုန္းကို ထုတ္လုပ္မယ္လို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းက သတင္းေပးခဲ့ပါတယ္။ အဲဒီစမတ္ဖုန္းဟာ Mi Mix 4 ျဖစ္မယ္လို႔ ထင္ရပါတယ္။

အရင္ႏွစ္ေတြက Mi Mix Phone ေတြကို မိတ္ဆက္ခဲ့တဲ့ အခ်ိန္အတိုင္းသာ ေၾကညာမယ္ဆိုရင္ 108MP Camera ပါတဲ့ Mi Mix 4 ကို ဒီႏွစ္မွာ ေတြ႕ျမင္ရမွာပါ။ 108MP Camera ရဲ႕ Sensor အရြယ္အစားကို မသိရေသးပါဘူး။ ဒါေပမယ့္ လာမယ့္ ရက္ပုိင္းမွာ Samsung က ေၾကညာေတာ့မွာပါ။ အႀကီးမားဆံုး Quad-bayer Camera ေတြ ဖန္တီးဖို႔ Megapixel တိုက္ပြဲ အသစ္ေတြ စတင္ထြက္ေပၚလာပါၿပီ။

108MP Camera ဟာ 108MP Shots(12032×9024 Resolution) ေတြ ဖန္တီးေပးႏုိင္မလားဆိုတာ မေသခ်ာေသးပါဘူး။ ဒါေပမယ့္ Pixel Binning ကို အသံုးျပဳၿပီး 27MP Shots ေတြကိုေတာ့ ပံုမွန္အားျဖင့္ ထုတ္လုပ္ေပးႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

သြဂုတ်လ ၁၂ ရက်မှာ Samsung ရဲ့ 108MP Camera ကို မိတ်ဆက်မည်

48MP Camera ပါတဲ့ စမတ်ဖုန်းတွေ မကြာခင်က ထွက်ရှိလာပါတယ်။ Realme နဲ့ Redmi တို့က ဒီထက် ကောင်းတဲ့ 64MP Camera ပါတဲ့ စမတ်ဖုန်းတွေကို မကြာခင် ကြေညာတော့မှာပါ။ ဒါပေမယ့် ဒီထက်လန်းတဲ့ ကင်မရာ ရှိနေပါသေးတယ်။ Samsung ရဲ့ ကင်မရာဌာနက သြဂုတ်လ ၁၂ ရက်မှာ 108MP Camera ကို ကြေညာတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လကတော့ ၂၀၂၀ ခုနှစ်ကျမှသာ 108MP Camera ပါတဲ့ စမတ်ဖုန်းတွေ ထွက်လာမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ အခုတော့ ဒီထက်စောပြီး ထွက်လာနိုင်ပါတယ်။ နာမည်ကျော် Leaker တစ်ယောက်က Xiaomi ဟာ Samsung ရဲ့ 108MP Camera ပါတဲ့ ပထမဆုံး စမတ်ဖုန်းကို ထုတ်လုပ်မယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းပေးခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Mi Mix 4 ဖြစ်မယ်လို့ ထင်ရပါတယ်။

အရင်နှစ်တွေက Mi Mix Phone တွေကို မိတ်ဆက်ခဲ့တဲ့ အချိန်အတိုင်းသာ ဒီနှစ်မှာ ကြေညာမယ်ဆိုရင် 108MP Camera ပါတဲ့ Mi Mix 4 ကို ဒီနှစ်မှာ တွေ့မြင်ရမှာပါ။ အနည်းဆုံးတော့ တရုတ်မှာ ရောင်းချနိုင်ပါတယ်။ 108MP Camera ရဲ့ Sensor အရွယ်အစားကို မသိရသေးပါဘူး။ လာမယ့် ရက်ပိုင်းမှာ Samsung က ကြေညာတော့မှာပါ။ အကြီးမားဆုံး Quad-bayer Cameras တွေ ဖန်တီးဖို့ Megapixel တိုက်ပွဲ အသစ်တွေ စတင် ထွက်ပေါ်လာပါပြီ။

108MP Camera ဟာ 108MP Shots(12032×9024 Resolution) တွေ ဖန်တီးပေးနိုင်မလားဆိုတာ မသေချာသေးပါဘူး။ ဒါပေမယ့် Pixel Binning ကို အသုံးပြုပြီး 27MP Shots တွေကိုတော့ ပုံမှန်အားဖြင့် ထုတ်လုပ်ပေးနိုင်ပါတယ်။

Ref : gsmarena