Samsung ဟာ တကမ္ဘာလုံးမှာ အကြီးမားဆုံးသော စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်နေသလို Samsung ကနေ ထုတ်လုပ်နေတဲ့ Galaxy A Series ဖုန်းတွေဟာလည်း လက်ရှိမှာ အသုံးပြုသူအများဆုံးသော Mid Range စမတ်ဖုန်းတွေလို့ ပြောနိုင်ပါတယ်။ Samsung ဟာ အခုနောက်ပိုင်းမှာ Galaxy A Series ဖုန်းတွေကို အဆင့်မြှင့်တင်မှုတွေ အများအပြားပြုလုပ်နေပြီး နောက်ဆုံးသိရတဲ့သတင်းတွေအရ Samsung ကနေ လာမယ့်နှစ်မှာ မိတ်ဆက်လာနိုင်တဲ့ Galaxy A Series ဖုန်းတွေမှာ Camera ပိုင်း ပြောင်းလဲမှုတွေ ပြုလုပ်သွားဦးမှာဖြစ်ပါတယ်။

အခုပြောင်းလဲမှုကတော့ Mid Range ဖုန်းအများစုမှာ ထည့်သွင်းထားတဲ့ Depth Sensor Camera တွေကို Galaxy A Series ဖုန်းတွေမှာ ဖြုတ်ချသွားတော့မှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဆိုပါ Depth Sensor တွေဟာ 2MP သို့မဟုတ် 0.3MP Size ပဲရှိပြီးတော့ တကယ်တမ်း Portrait ဓါတ်ပုံလိုမျိုး နေရာတွေမှာလည်း အသုံးမဝင်သလောက်ကို ဖြစ်နေတတ်တဲ့ Sensor အမျိုးအစားတွေဖြစ်ပါတယ်။

ဒါကြောင့် တချို့သော စမတ်ဖုန်းထုတ်လုပ်သူတွေကတော့ 2MP Depth Camera Sensor တွေအစား ပိုပြီး အသုံးဝင်တဲ့ Monochrome ၊ Macro နဲ့ Microlens Sensor တွေကို ပြောင်းလဲထည့်သွင်းလာပြီဖြစ်ပါတယ်။ ဒါပေမယ့် Camera Sensor အများအပြားထည့်သွင်းချင်တဲ့ စမတ်ဖုန်းကုမ္ပဏီတွေကတော့ အခုလိုမျိုး 2MP Depth Sensor တွေကို ထည့်သွင်းနေကြတုန်းပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ အခုလို Depth Sensor လိုမျိုး အသုံးမဝင်တဲ့ Camera Sensor တွေကို Galaxy A Series ဖုန်းသစ်တွေမှာ ဖြုတ်ချတော့မှာဖြစ်တာကြောင့် နောက်ထွက်လာမယ့် Galaxy A Series ဖုန်းတွေဟာ Primary Camera ပိုင်းမှာ စွမ်းဆောင်ရည်ပိုကောင်းလာနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – 9to5Google