Samsung ဟာ လာမယ့်နှစ်အစောပိုင်းမှာ Galaxy S24 Series Flagship ဖုန်းတွေကို မိတ်ဆက်တော့မှာဖြစ်ပြီး လက်တလောထွက်ရှိထားတဲ့သတင်းတွေအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအစောပိုင်းမှာ Galaxy Unpacked Event ကို ကျင်းပသွားမယ်လို့ သိရပါတယ်။

အခုလိုမျိုး Flagship Galaxy S24 Series အပြင် Samsung ဟာ Mid Range နဲ့ Budget ပိုင်းအတွက် Galaxy A Series ဖုန်းတွေကိုလည်း Generation အသစ် မိတ်ဆက်ဖို့ စီစဥ်နေပြီဖြစ်ပါတယ်။ အဆိုပါ Galaxy A Series ဖုန်းတွေထဲမှာ အစောဆုံးမိတ်ဆက်ဖို့များနေတာကတော့ Galaxy A15 5G ဖုန်းပဲဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့ သတင်းတွေအရ Samsung Galaxy A15 5G ဖုန်းရဲ့ စျေးနှုန်းဟာ ၁၃၉ ဒေါ်လာ (မြန်မာငွေ ၅ သိန်းဝန်းကျင်) ပဲ ကျသင့်မှာဖြစ်ပြီး OLED Display ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ ဒါကြောင့် ၂၀၂၄ ခုနှစ်မှာ Samsung က OLED Display တွေရဲ့ ထုတ်လုပ်မှုစရိတ်ကို သိသိသာသာလျော့ချနိုင်ခဲ့ပြီး စျေးအသက်သာဆုံး Galaxy A15 5G ဖုန်းမှာပါ အသုံးပြုနိုင်ခဲ့တာပဲဖြစ်ပါတယ်။

အခုလိုမျိုး OLED Display အပြင် Galaxy A15 5G ဖုန်းဟာ 6.5″ Full HD+ AMOLED Display ၊ MediaTek Dimensity 6100 Chipset ၊ RAM 4GB ၊ 128GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းအတွက်ကတော့ 50MP Main Camera ၊ 5MP Ultrawide Camera နဲ့ 2MP Macro Camera တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားပြီး 13MP Selfie Camera ကို Waterdrop Notch အနေနဲ့ ထည့်သွင်းထားမှာပါ။ Battery အနေနဲ့ 5000mAh Battery ကိုမှ 25W Fast Charging ထောက်ပံ့ပေးနိုင်မယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် မကြာခင်မှာ တရားဝင်မိတ်ဆက်လာတော့မယ့် Samsung Galaxy A15 5G ဖုန်းဟာ တကယ်သာ ၁၃၉ ဒေါ်လာနဲ့ မိတ်ဆက်ရောင်းချသွားမယ်ဆိုရင် Budget ဖုန်းတွေထဲမှာ တော်တော်လေးကို ရွေးချယ်သင့်တဲ့ဖုန်းတစ်လုံးဖြစ်လာမှာပါ။

Ref – Gizmo China