[Zawgyi]

Samsung ဟာ Galaxy S ေတြကို ႏွစ္စဥ္ႏွစ္တိုင္း ေဖေဖာ္ဝါရီ၊ ဒါမွမဟုတ္ မတ္လေတြမွာ ေၾကညာေလ့ရွိပါတယ္။ Galaxy Note ေတြကေတာ့ ၾသဂုတ္လမွာ ထြက္ေပၚလာေလ့ရွိတာပါ။ အခုေတာ့ ဒီ Flagships ႏွစ္မ်ိဳးကို ေပါင္းစည္းလိုက္ေတာ့မယ္လို႔ ေကာလာဟလသတင္းတစ္ခု ထြက္ေပၚလာပါတယ္။

ဒီႏွစ္အေစာပိုင္းမွာကတည္းက Galaxy S10 ၿပီးသြားရင္ Galaxy S11 ျဖစ္လာဖို႔ မေသခ်ာေၾကာင္း၊ Galaxy S Series ဟာ သိပ္ကိုရွည္ၾကာလြန္းၿပီျဖစ္တာေၾကာင့္ အေျပာင္းအလဲလုပ္ဖြယ္ရွိေၾကာင္း ကိုရီးယားကုမၸဏီက အရိပ္အႁမြက္ေျပာခဲ့ပါေသးတယ္။ ႐ုံးတြင္းအစည္းအေဝးအရ လတ္တေလာအေလးထားေဆြးေႏြးေနတာက Galaxy S နဲ႔ Note ေတြကို ေပါင္းစည္းဖို႔ ျဖစ္ေၾကာင္း သိရပါတယ္။

တြစ္တာရဲ႕ နာမည္ေက်ာ္ Leakster Evan Blass ကေတာ့ ခိုင္မာတဲ့ သတင္းရင္းျမစ္ကေန ထြက္လာတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ အၿပီးသတ္ဆုံးျဖတ္ခ်က္ခ်လိုက္တာေတာ့မဟုတ္ေသးဘဲ ဆက္လက္ေဆြးေႏြးဆဲ ျဖစ္တယ္လို႔လည္း သိရပါတယ္။ အကယ္၍ ဒီအတိုင္းျဖစ္ခဲ့မယ္ဆိုရင္ေတာ့ လာမယ့္ႏွစ္မွာ ဒီ လိုင္းႏွစ္ခုကို ေပါင္းစည္းလိုက္တာမ်ိဳး ျမင္ေတြ႕ရပါလိမ့္မယ္။

စိတ္ဝင္စားစရာေကာင္းတဲ့ သတင္းက Galaxy S နဲ႔ Galaxy Note တို႔ကိုေပါင္းစည္းၿပီး Galaxy One အျဖစ္ စတင္လာႏိုင္တယ္ဆိုတာပါပဲ။ ဒီလိုေျပာင္းလဲမႈဟာ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္အေစာပိုင္းမွာလည္း ျဖစ္လာႏိုင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။ Note Series ေနရာမွာေတာ့ Galaxy Fold ေတြက ဆက္ခံသြားဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။ ဒါေၾကာင့္ လာမယ့္ႏွစ္မွာ Samsung ရဲ႕ မဟာဗ်ဴဟာ အေျပာင္းအလဲေတြကို ဆက္တိုက္ဆိုသလို ျမင္ေတြ႕ရဦးဖြယ္ ရွိေနတာပဲ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

လာမယ့်နှစ်မှာ Galaxy S နဲ့ Galaxy Note Line တွေကို ပေါင်းစည်းလိုက်ဖွယ်ရှိတဲ့ Samsung

Samsung ဟာ Galaxy S တွေကို နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီ၊ ဒါမှမဟုတ် မတ်လတွေမှာ ကြေညာလေ့ရှိပါတယ်။ Galaxy Note တွေကတော့ သြဂုတ်လမှာ ထွက်ပေါ်လာလေ့ရှိတာပါ။ အခုတော့ ဒီ Flagships နှစ်မျိုးကို ပေါင်းစည်းလိုက်တော့မယ်လို့ ကောလာဟလသတင်းတစ်ခု ထွက်ပေါ်လာပါတယ်။

ဒီနှစ်အစောပိုင်းမှာကတည်းက Galaxy S10 ပြီးသွားရင် Galaxy S11 ဖြစ်လာဖို့ မသေချာကြောင်း၊ Galaxy S Series ဟာ သိပ်ကိုရှည်ကြာလွန်းပြီဖြစ်တာကြောင့် အပြောင်းအလဲလုပ်ဖွယ်ရှိကြောင်း ကိုရီးယားကုမ္ပဏီက အရိပ်အမြွက်ပြောခဲ့ပါသေးတယ်။ ရုံးတွင်းအစည်းအဝေးအရ လတ်တလောအလေးထားဆွေးနွေးနေတာက Galaxy S နဲ့ Note တွေကို ပေါင်းစည်းဖို့ ဖြစ်ကြောင်း သိရပါတယ်။

တွစ်တာရဲ့ နာမည်ကျော် Leakster Evan Blass ကတော့ ခိုင်မာတဲ့ သတင်းရင်းမြစ်ကနေ ထွက်လာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အပြီးသတ်ဆုံးဖြတ်ချက်ချလိုက်တာတော့မဟုတ်သေးဘဲ ဆက်လက်ဆွေးနွေးဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။ အကယ်၍ ဒီအတိုင်းဖြစ်ခဲ့မယ်ဆိုရင်တော့ လာမယ့်နှစ်မှာ ဒီ လိုင်းနှစ်ခုကို ပေါင်းစည်းလိုက်တာမျိုး မြင်တွေ့ရပါလိမ့်မယ်။

စိတ်ဝင်စားစရာကောင်းတဲ့ သတင်းက Galaxy S နဲ့ Galaxy Note တို့ကိုပေါင်းစည်းပြီး Galaxy One အဖြစ် စတင်လာနိုင်တယ်ဆိုတာပါပဲ။ ဒီလိုပြောင်းလဲမှုဟာ လာမယ့် ၂၀၂၀ ပြည့်နှစ်အစောပိုင်းမှာလည်း ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ Note Series နေရာမှာတော့ Galaxy Fold တွေက ဆက်ခံသွားဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် လာမယ့်နှစ်မှာ Samsung ရဲ့ မဟာဗျူဟာ အပြောင်းအလဲတွေကို ဆက်တိုက်ဆိုသလို မြင်တွေ့ရဦးဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။

Ref: Phone Arena