၂၀၁၈ ခုနှစ် အစောပိုင်းမှာ ထုတ်လုပ်လာမယ့် Samsung Galaxy A5 ရဲ့ ဒီဇိုင်းက ဘောင်ပျောက် (Infinity Display) ပုံစံနဲ့ထုတ်လုပ်လာမယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေပါတယ်။

Samsung က ထုတ်လုပ်လိုက်တဲ့ ဘောင်ပျောက် (Infinity Display) ကို ကိုင်ချင်ပေမယ့် Galaxy Note 8 လောက် ပိုက်ဆံ မသုံးချင်တဲ့သူတွေအတွက် အဆင်ပြေမယ့် ဖုန်းလေးဖြစ်ပါတယ်။

Samsung ကုမ္ပဏီက စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းတွေ၊ Display တွေကို တူမတူအောင် ဆန်းသစ်ချင်တဲ့ ပုံစံရှိတာကြောင့် Galaxy A5 မှာလည်း Infinity Display ထည့်ဖြစ်ဖို့များပါတယ်။

၂၀၁၈ ခုနှစ်မှာ ထုတ်လုပ်မယ့် Galaxy A5 မှာ 4 GB RAM နဲ့ storage က 32 GB ပါဝင်မှာဖြစ်ပါတယ်။

တချို့ကလည်း   Android 7.1.1 Nougat အသုံးပြုမယ်လို့ပြောသလို Android 8.0 Oreo လည်း အသုံးပြုနိုင်ဖွယ်ရှိပါတယ်။

Galaxy A5 ကို Infinity Display (ဘောင်လွတ်)နဲ့ထုတ်လုပ်လိုက်ပြီး အပြိုင်အဆိုင်များတဲ့ စမတ်ဖုန်း လောကထဲမှာ ဘယ်နေရာယူသွားမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။