Samsung ဟာ လက်ရှိအချိန်မှာ 14-core 12th gen Intel Alder Lake CPU နဲ့ Galaxy Book မျိုးကွဲသစ်တစ်ခုကို ထုတ်လုပ်ဖို့ စတင်ဆောင်ရွက်နေဖွယ်ရှိပါတယ်။ ပထမဦးဆုံး Alder Lake-based Intel CPU တွေကို ဒီနှစ်နှောင်းပိုင်းမှာ ဖြန့်ချိလာမယ်လို့ မျှော်လင့်ရပါတယ်။

Samsung အနေနဲ့ Intel ရဲ့ မျိုးဆက်သစ် CPU ကို အသုံးပြုထားတဲ့ ပထမဦးဆုံး PC OEMs တွေထဲမှာ ပါဝင်လာဖွယ်ရှိပါတယ်။ မကြေညာရသေးတဲ့ Samsung Laptop တစ်ခုကိုလည်း “930QED” ID နဲ့အတူ UserBenchmark မှာ မကြာသေးခင်ကပဲ တွေ့မြင်ခဲ့ကြရပါသေးတယ်။

စမ်းသပ်မှုရလဒ်တွေအရ Device မှာ အမည်မသိရသေးတဲ့ “Intel 0000” CPU ပါဝင်ပြီး 14 cores နဲ့ 20 threads ဖြစ်ကြောင်း၊ 1GHz base clock speed နဲ့ Turbo ထောက်ကူတဲ့ ပျမ်းမျှ Frequency ဟာ 2.25GHz ဖြစ်ကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် Intel Xe graphics နဲ့ 256GB of Samsung SSD storage ကိုလည်း တပ်ဆင်ထားကြောင်း တွေ့ရပါတယ်။

ဒါဟာ Samsung ရဲ့ ပထမဦးဆုံး DDR5 နဲ့ Laptop ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့အပြင် ဒီနည်းပညာကို အသုံးချထားတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး Notebook လည်း ဖြစ်လာနိုင်ပါတယ်။ Benchmark ရဲ့ ဖော်ပြမှုမှာ 8GB of RAM နှစ်ချောင်း (16GB total) ဟာ 4,400MHz clocked ဖြစ်တာကြောင့် ဒါဟာ DDR5 အတွက် အနိမ့်ဆုံး Frequency အဖြစ် တွေ့မြင်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Modules တွေဟာ အမြင့်ဆုံးအဖြစ် 6,400MHz အထိ အလုပ်လုပ်နိုင်စွမ်းရှိပုံရပါတယ်။

Samsung အနေနဲ့ Alder Lake CPU Laptop ကို လာမဲ့ နှစ်အစောပိုင်း ဒါမှမဟုတ် CES 2022 မှာ ပွဲထုတ်ဖွယ်ရှိတယ်လို့ မျှော်လင့်ရပေမဲ့ Intel ရဲ့ မျိုးဆက်သစ် CPU ဟာ ဒီနှစ်ထဲမှာ အဆင်သင့်ဖြစ်၊ မဖြစ် မသေချာသေးပါဘူး။ နောက်တစ်ချက်က Benchmark ဟာ ဈေးကွက်ထဲရောက်မဲ့ထုတ်ကုန်မှာရရှိမဲ့ စွမ်းဆောင်ရည်ကို တစ်ထပ်တည်း ဖော်ပြနေတာလည်း မဟုတ်ပါဘူး။

Ref: SamMobile