လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလထဲမှာ တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးဟာ သူ့ရဲ့ Flagship ထုတ်ကုန်သစ်ဖြစ်တဲ့ Galaxy S21 မိသားစုကို မိတ်ဆက်ပေးဖို့ အသင့်ဖြစ်နေပါပြီ။ ဒီပွဲမှာ Galaxy Buds နာမည်နဲ့ ကြိုးမဲ့နားကြပ်ကိုလည်း တစ်ပါတည်း မိတ်ဆက်ပေးလာဖွယ် ရှိနေပါတယ်။

မူလ Buds တွေဟာ Galaxy Buds, Buds+ နဲ့ Buds Live တို့ဖြစ်ကြပါတယ်။ အခုတော့ အမျိုးအစားသစ်အဖြစ် Galaxy Buds Pro ကို ရရှိမှာဖြစ်ပါတယ်။ ဒီနာမည်ကို Indonesia Telecom Certification authority က မော်ဒယ်နံပါတ် SM-R190 နဲ့အတူ အတည်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနားကြပ်အသစ်တွေဟာ တရုတ် 3C မှာ 472mAh ဘက်ထရီနဲ့အတူ အသိအမှတ်ပြုခံခဲ့ရပြီး ဖြစ်သလို၊ ကိုရီးယား NRRA မှာလည်း အသိအမှတ်ပြုခံခဲ့ရပြီး ဖြစ်ပါတယ်။ Certification တွေအားလုံးက Samsung အနေနဲ့ ဒီထုတ်ကုန်ကို ဖြန့်ချိဖို့အဆင်သင့်ဖြစ်နေကြောင်းကို ညွှန်ပြနေကြပါတယ်။ ဒါကြောင့် လာမယ့်ဇန်နဝါရီလလယ်မှာ Galaxy S21 နဲ့အတူမိတ်ဆက်လာမယ်ဆိုတာ ဖြစ်နိုင်ခြေအများကြီးရှိနေပါတယ်။

Galaxy Buds Pro ဆိုတဲ့နာမည်ကြောင့် ဒီ နားကြပ်မှာ Active noise Cancellation ပါဝင်လာရင်လည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ “Beyond” ဆိုတဲ့ ကုဒ်နာမည်ပါ။ ဒါဟာ ဈေးကွက်နာမည်တစ်ခုဖြစ်နိုင်ပြီး နောက်ဆုံးမိနစ်မှာ ပြောင်းလဲသွားခဲ့တာပါ။ အခြားတစ်ဖက်ကတွေးကြည့်ရင် Samsung ဟာ Galaxy Buds Beyond နာမည်နဲ့ နောက်ထပ် TWS အသစ်တစ်ခုကို ပြုလုပ်နေသလားဆိုတဲ့ မေးခွန်းကို ဖြစ်ပေါ်စေပါတယ်။ အခုအချိန်မှာတော့ အရာရာဟာ ရှုပ်ထွေးနေသေးတာကြောင့် ရှင်းရှင်းလင်းလင်းသိရဖို့ ဆက်ပြီးစောင့်ကြည့်ရပါဦးမယ်။

Ref: GSM Arena