Samsung ရဲ့ ဒုတိယ ဥက္ကဌ Hon Pak က MWC မှာ နောက်ထွက်မယ့် Galaxy Ring ကို iPhone တွေနဲ့ တွဲဖက် သုံးနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

Samsung's upcoming Galaxy Ring will not be compatible with your iPhone - BusinessToday

Hon Pak က Samsung ဟာ Android/iOS ပြိုင်ပွဲကို သိနားလည်ပေမယ့် ကုမ္ပဏီရဲ့ Device တွေဟာ Apple ရဲ့ Device တွေထက် မနိမ့်ကျဘူးလို့ ပြောပါတယ်။ Samsung ရဲ့ Ecosystem ကို အသုံးပြုသင့်တဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ သူက Samsung ဟာ Galaxy Ring ကို Samsung ဖုန်းတွေနဲ့သာမကဘဲတခြား Android  Device တွေနဲ့ တွဲဖက် သုံးနိုင်အောင် ကြိုးစားနေပါတယ်လို့ ပြောပါတယ်။

Samsung is working on supporting Galaxy Ring on non-Galaxy phones | Android Central

Galaxy Ring ကို အရွယ်အစားများစွာ ထုတ်လုပ်ထားမှာ ဖြစ်ပြီး အသေးဆုံးမှာ 14mAh Battery နဲ့ အရွယ်ကြီး မော်ဒယ်မှာ 21.5mAh Battery ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ Battery သက်တမ်းဟာ ၅ ရက်ကနေ ၉ ရက် အသုံးခံမှာ ဖြစ်ပါတယ်။

Galaxy Ring ကို ရောင်းချမယ့် အချိန်ကို မသိရသေးပေမယ့် ဇူလိုင်လ Unpacked Event မှာ Galaxy Z Fold6 , Z Flip6 တို့နဲ့အတူ ရောင်းချနိုင်တယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena