တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့မှာ မောင်းသူမဲ့ ဘတ်စ်ကားတွေကို စမ်းသပ် ပြေးဆွဲပေးလိုက်ပါတယ်။ ဆိုးလ် အနောက်ဘက်ရှိ Hapjeong နဲ့ အရှေ့ပိုင်းရှိ Dongdaemun Station အကြား ၉.၈ ကီလိုမီတာ ခရီးကို ည ၁၁ နာရီခွဲကနေ နံနက် ၅ နာရီ ၁၀ အထိ ပြေးဆွဲပေးနေပါတယ်။

Look, no hands! My trip on Seoul's self-driving bus

ခရီစဉ် တစ်ကြောင်းကို မိနစ် ၇၀ ကြာမြင့်ပြီး မှတ်တိုင် ၄၀ ကို ပို့ဆောင်ပေးပါတယ်။ ဆိုးလ် အာဏာပိုင်တွေက စမ်းသပ်ပြေးဆွဲတဲ့ကာလမှာ ဘတ်စ်ကား ၁ စီးပေါ်မှာ လုံခြုံရေး ယာဉ်မောင်း ၁ ဦးစီကို လိုက်ပါစေမယ်လို့ ပြောပါတယ်။ မောင်းသူမဲ့ စနစ်က အမှားအယွင်းရှိရင် ယာဉ်မောင်းက ကားကို ထိန်းကြောင်းပေးမှာ ဖြစ်ပါတယ်။

Smart Cities World - Connected and autonomous vehicles - Seoul launches autonomous  night bus

ကားမှာ ထိုင်ခုံ ၂၃ ခု ပါဝင်ပြီး မတ်တပ်ရပ်စီးတဲ့ ခရီးသည်တွေကို စမ်းသပ်ကာလမှာ ခွင့်မပြုထားပါဘူး။ အာဏာပိုင်တွေက ခရီးသည်တွေဟာ ကားမှာ ထိုင်ခုံအလွတ်ရှိသလားဆိုတာ သိနိုင်တဲ့ စနစ်ကို ဖန်တီးမှာ ဖြစ်ပါတယ်။

စမ်းသပ်ကာလမှာ ဘတ်စ်ကားကို အခမဲ့ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက မောင်းသူမဲ့ စနစ်ဟာ ဘေးကင်းတယ်ဆိုတာ စစ်ဆေးလေ့လာပြီးရင်  ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်ထဲမှာ ဘတ်စ်ကားခပေးရမှာ ဖြစ်ပါတယ်။

Ref : koreaherald