SGShop Myanmar App ရဲ့ အားအသာဆုံးအချက်ကတော့ တရုတ်က နာမည်ကြီး Taobao , Tmall , 1688 Website တွေနဲ့ ချိတ်ဆက်ထားတာဖြစ်လို့ အမျိုးသမီးဝတ်၊ အမျိုးသား ၀တ် ဖက်ရှင် အ၀တ်အထည် အသုံးအဆောင်၊ ကစားစရာ ပစ္စည်းတွေ၊ အားကစား ပစ္စည်း၊ တူရိယာ ပစ္စည်းမျိုးစုံ၊ အိမ်အသုံးအဆောင်ပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်းတွေ စတဲ့ ပစ္စည်းမျိုးစုံကို စိတ်ကြိုက်ကို ရှာဖွေမွှေနှောက်ပြီး China Seller ဘက်က ရောင်းချတဲ့ မူရင်းဈေးရင်းအတိုင်းဝယ်ယူလို့ရတာပါ ။ Taobao ၊Tmall နဲ့ 1688 တို့မှာ ကိုယ်ကြိုက်တဲ့ ပစ္စည်းကို ရှာပြီး မည်သည့် ပစ္စည်း Link ကို copy ကူးကာ App ထဲမှာ ထည့်ပြီးတော့လည်း ၀ယ်နိုင်ပါတယ်။

အဲ့ဒီအပြင် ပစ္စည်းပုံကို App ထဲမှာ Upload လုပ်လိုက်တာနဲ့ မတူတဲ့ဈေးနှုန်း အမျိုးမျိုး နဲ့ ကိုယ်ရှာနေတဲ့ ပစ္စည်းတွေက မြန်မာငွေနဲ့ ဘယ်လောက်ဆိုပြီး ကျလာပါတယ်။ ကိုယ်လိုချင်တဲ့ပစ္စည်း ရှာရခက်နေရင် အဲ့ဒီပစ္စည်းကို ဓာတ်ပုံရိုက်ပြီးဖြစ်ဖြစိ ဖုန်း Album ထဲမှာသိမ်းထားတဲ့ အွန်လိုင်းမှာရောင်းတဲ့ ပုံကိုရွေးပီး SGShop App ထဲကို Upload လုပ်လိုက်ရင် အလွယ်တကူ ရှာတွေ့ပါလိမ့်မယ်။

ကိုယ်လိုချင်တဲ့ ပစ္စည်းရဲ့ ဓာတ်ပုံကို upload လုပ်ရုံနဲ့ အလွယ်တကူ ရှာဖွေဝယ်ယူနိုင်တဲ့ SGshop Myanmar

အဲ့ဒီအပြင် ပစ္စည်းပုံကို App ထဲမှာ Upload လုပ်လိုက်တာနဲ့ မတူတဲ့ဈေးနှုန်း အမျိုးမျိုး နဲ့ ကိုယ်ရှာနေတဲ့ ပစ္စည်းတွေက မြန်မာငွေနဲ့ ဘယ်လောက်ဆိုပြီး ကျလာပါတယ်။ ကိုယ်လိုချင်တဲ့ပစ္စည်း ရှာရခက်နေရင် အဲ့ဒီပစ္စည်းကို ဓာတ်ပုံရိုက်ပြီးဖြစ်ဖြစိ ဖုန်း Album ထဲမှာသိမ်းထားတဲ့ အွန်လိုင်းမှာရောင်းတဲ့ ပုံကိုရွေးပီး SGShop App ထဲကို Upload လုပ်လိုက်ရင် အလွယ်တကူ ရှာတွေ့ပါလိမ့်မယ်။

ဒါပေမဲ့ တစ်ခုသတိပေးချင်တာကတော့ SGshop Application မှာ Keywords နဲ့ရှာမယ်ဆိုရင် ပစ္စည်း အမျိုးအစားအားလုံးရဲ့ အရေအတွက် ၅ ထောင်ခန့်သာ Limit လုပ်ထားတဲ့အတွက် ကိုယ်ရှာလိုက်တဲ့ Keywords နဲ့ပက်သက်ပြီး ကျမလာတာ ၊ Display ပြတာ နည်းနေတာတို့ စိတ်ကြိုက်ရွေးချယ်လို့မရတာတို့ဖြစ်နိုင်ပါတယ် ။ ဒါကလဲ တရုတ်ဝက်ဘ်ဆိုဒ်ကြီး (၃)ခုက ပစ္စည်းလင့်ခ်ပေါင်းမြောက်များစွာနဲ့ ချိတ်ဆက်ထားရတာဖြစ်လို့ App Error မတက်ရအောင် , Data Usage အများကြီးမကုန်ကျအောင် Limit လုပ်ထားတာဖြစ်နိုင်ပါတယ် ။

 

 

တရုတ်ကနေ ရန်ကုန် ပစ္စည်းအရောက် ကြာတဲ့ရက်ကို Economy Transportation (အနှေး – 3ပတ်အတွင်း) နဲ့ Express Transportation (အမြန် – 2 ပတ်အတွင်း) ဆိုပြီး ရှိတဲ့ထဲမှ ကိုယ်တတ်နိုင်တဲ့ ၄ သောင်းပတ်ဝန်းကျင်လေးကို Economy ရွေး ၊ Home Delivery  ပါရွေးပြီး အော်ဒါတင်လိုက်တာ ရန်ကုန်အရောက် ၄ သောင်း၃ ထောင်ဝန်းကျင်ဘဲ ကျပါတယ်။ Economy ရွေးထားပေမဲ့ ၃ ပတ် ထိမကြာဘဲ  ပစ္စည်းရောက်လာလို့ ကိုယ်တောင် သဘောတွေအရမ်းကျမိနေသေးတယ် ။ အော်.. ကိုယ်က သူတို့ရုံးမှာ သွားယူမလား၊ Delivery ပို့ခိုင်းမလားဆိုတာကို App မှာ Order တင်တဲ့အချိန် တစ်ခါထဲ ရွေးချယ်နိုင်တယ်နော်။ပစ္စည်း Quality ကလည်း ကိုယ်ဝယ်တုန်းက ရွေးလိုက်တဲ့ အတိုင်း ပဲရပါတယ်။

 

မြန်မာငွေနဲ့ ဖော်ပြပေးခြင်း

ငွေလဲဈေးနှုန်းတွေ ဦးနှောက်ခြောက်စရာမလိုဘဲ ပစ္စည်းတန်ဖိုးကို  မြန်မာငွေနဲ့ တခါတည်း ဖော်ပြပေးထားပါတယ်။ Order တင်မယ်ဆိုရင် ဈေးဝယ်ခြင်းတောင်း (Add to cart) ထဲ အရင်ထည့် ကိုယ်လိုချင်တဲ့အတိုင်း အဆင့်အဆင့် ရွေးချယ်ပြီးရင် Shipping Fees (China to Yangon), Delivery Fee (Yangon to Home) , Clearance Fees နဲ့ Service Fees တို့အားလုံးရဲ့ ကုန်ကျငွေကို  မြန်မာကျပ်နဲ့ပဲ တွက်ပြပေးထားပါတယ်။ ဒီတော့ ရန်ကုန်အရောက်ဘယ်လောက်ဆိုတာ ကိုယ့်ဘာသာကိုယ်တွက်ကြည့်ပြီးတော့ အလွယ်တကူ သိနိုင်တာပေါ့ ။ ကိုယ်ရွေးချယ်လိုက်တဲ့ System ပေါ်မူတည်ပြီး ကုန်ကျငွေကို Application ထဲမှာ တစ်ခါထဲ တွက်ပေးသွားတာပါ ။  စုစုပေါင်း Total Summary ကိုကြည့်ပြီးမှ ပေးချေရမဲ့ ငွေပမာဏအတွက် အဆင်ပြေတယ်ဆိုရင် အလွယ်တကူငွေချေပြီး အော်ဒါတင်ရုံပါဘဲ ။ ကိုယ်ပစ္စည်းမှာလိုက်ပြီဆိုရင်လည်း ကိုယ့် ပစ္စည်းက ဘယ်ရောက်နေပြီ ဆိုတာကို Application ထဲမှာ ကြည့်လို့ရပါတယ်။ ဦးနှောက်ခြောက်၊ ခေါင်းရှုပ်စရာမလိုဘဲ ရန်ကုန်ရောက်တဲ့အထိ ပစ္စည်း အပျောက်အရှကို တာဝန်ယူပြီး သယ်ဆောင်လာပေးပါတယ်။

ငွေပေးချေမှု

ပစ္စည်းမှာတဲ့ကုန်ကျ စရိတ်ကိုတော့ ကြိုတင်ပေးချေရပါတယ်။ MPU ကဒ် နဲ့တန်းပြီးငွေပေးချေနိုင်သလို  KBZ , AYA , CB Bank System (ATM , Mobile Banking , Offline Banking) နဲ့ ကိုယ့် App အကောင့်ထဲကို ငွေကြိုဖြည့်ထားလို့လဲရတယ် ။ အဲဒါအပြင် 123 service နဲ့လဲ ချိတ်ဆက်ထားလို့ ABC စတိုး၊ G & G ဆိုင်တွေကနေလဲ ကိုယ့် App ထဲ ကြိုဖြည့်ထားလို့ရတယ်နော် ။ SGShop Myanmar မှာ ပစ္စည်းရှာတာကစလို့ Order တင်တဲ့အလယ် ငွေပေးချေတဲ့အဆုံး သိချင်တာ မေးချင်တာ တစ်ခုခုရှိရင် 5 Star Rating အပြည့်ရှိတဲ့ ၀န်ဆောင်မှုရှိပါတယ် ။

SGShop Myanmar App လေးက ခေတ်ပေါ်ပစ္စည်းအသစ်အဆန်းလေးတွေ စိတ်ဝင်စားတဲ့ ကိုယ်တိုင်သုံးစွဲသူတွေအတွက်ရော၊ ပြန်လည်ပြီး ရောင်းချမယ့် Wholesale သမားတွေအတွက် အရမ်းအသုံးဝင်မယ့် Shopping App လေးဖြစ်တာမို့စာရေးသူရဲ့ ဈေးဝယ်အတွေ့အကြုံကိုလဲ ဝေမျှရင်း MyTech Myanmar ပရိတ်သတ်ကို လက်တို့လိုက်ပါတယ်နော် ။

တရုတ်က ပစ္စည်းတွေကို ကိုယ်တိုင်ကိုယ်ကျ Shopping ထွက်ဝယ်ရသလို စိတ်ချမ်းသာမှုမျိုးလိုချင်တယ်ဆိုရင် ဒီ SGShop Myanmar Application လေးကို ဖုန်းထဲမှာ Download လုပ်ထားဖို့တိုက်တွန်းလိုက်ပါတယ်။

Facebook Link  >>> www.facebook.com/SGshopMyanmar
iOS Version >>> https://goo.gl/qG5i5k
Android Version >>> https://goo.gl/HCMVYf