Sharp ကနေ သူရဲ့ Full Screen Display နဲ့ စမတ်ဖုန်းတွေထဲမှာ နောက်ထပ်စမတ်ဖုန်းအသစ်တစ်မျိုးဖြစ်တဲ့ Aquos S3 Mini စမတ်ဖုန်းကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

Sharp Aquos S3 Mini စမတ်ဖုန်းဟာ Mini လို့ နာမည်တပ်ထားပေမယ့် 5.5″ 17:9 Ratio Full HD+ Resolution Display ကို ထည့်သွင်းထားမှာဖြစ်ပြီးတော့ အလွန်တောက်ပတဲ့ 550Nits Brightness ရှိမှာဖြစ်ပါတယ်။

Specifications ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 630 Processor ကို အသုံးပြုထားပြီးတော့ RAM ကလည်း 6GB နဲ့အတူ 64GB Storage ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ကင်မရာအနေနဲ့ကတော့ Dual Camera ပါဝင်မှာမဟုတ်တော့ပဲနဲ့ 16MP Single Camera ကိုပဲ တပ်ဆင်ထားမှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့လည်း အလွန်ကောင်းတယ်လို့ ပြောလို့ရတဲ့ 20MP Camera ကို တပ်ဆင်ထားတာပဲဖြစ်ပါတယ်။

Battery အနေနဲ့တော့ 3020mAh Battery ပါဝင်တယ်လို့ သိရပြီးတော့ USB Type-C ကို အသုံးပြုလာခဲ့တာဖြစ်ပါတယ်။ Face Unlock လည်းပါဝင်မှာဖြစ်သလို Fingerprint Sensor လည်းပါဝင်မယ်လို့ သိရပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ အခု ဒီဇိုင်းနဲ့ Specifications အရ သက်သာတယ်လို့ပြောလို့ရတဲ့ ဒေါ်လာ ၂၅၀ နဲ့ပဲ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။