Sharp ကနေ အခုမကြာခင် Apple iPhone X လိုမျိုး Dual Camera ဒီဇိုင်းကိုအသုံးပြုထားတဲ့ စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်တော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး အခုအချိန်မှာတော့ China TENAA Website မှာ အဆိုပါ ဖုန်းရဲ့ အချက်အလက်တွေထွက်ပေါ်လာခဲ့ပါတယ်။

အခု Sharp ကနေ ထုတ်လုပ်မယ့် Codename FS8105 အမည်နဲ့ စမတ်ဖုန်းက Sharp ရဲ့ အစောပိုင်းတုန်းကထွက်ရှိခဲ့တဲ့ Aquos S2 စမတ်ဖုန်းနဲ့ တူညီနေတယ်လို့ပြောလို့ရပါတယ်။

Sharp FS8015 စမတ်ဖုန်းမှာ 5.99″ Full HD+ 18:9 Ratio Screen, Qualcomm Snapdragon 630 ဒါမှမဟုတ် 660 CPU ကို RAM 4/6GB နဲ့ ROM 64/128GB တွေနဲ့ တွဲဖက်ထားမယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ Dual Camera ပါဝင်ပြီး 12MP + 13MP Back Camera နဲ့ Front Selfie Camera ကလည်း ကောင်းတယ်လို့ ပြောနိုင်တဲ့ 16MP Selfie Camera ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့တော့ 3100mAh Battery ပါဝင်မှာဖြစ်ပါတယ်။