အခုခေတ်မှာတော့ လူတစ်ယောက်က အနည်းဆုံး လျှပ်စစ်ပစ္စည်း ၂ မျိုး၊ ၃ မျိုးလောက် အသုံးပြုကြပါတယ်။ ဥပမာ စမတ်ဖုန်း၊ ကွန်ပျုတာ စတာတို့ ဖြစ်ပါတယ်။

လျှပ်စစ်ပစ္စည်းတွေကလည်း သန့်ရှင်းရေးလုပ်တဲ့အခါမှာ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

အင်္ကျီမှာသန့်ရှင်းရေးလုပ်တဲ့ Roller တွေကို အသံချဲ့စက် သန့်ရှင်းရေးလုပ်တဲ့နေရမှာ အသုံးပြုလို့ရ

ကွန်ပျုတာ အသံချဲ့စက် စတဲ့ အသံချဲ့စက်တွေမှာ ဖုန်တွေကပ်ပြီး ညစ်ပတ်နေရင် အင်္ကျီသန့်ရှင်းရေးလုပ်တဲ့ Roller လေးတွေသုံးပြီး သန့်ရှင်းရေး လုပ်လို့ရပါတယ်။

ဖုန်းနားကျပ်ကို သွားတိုက်တံနဲ့ သန့်ရှင်းရေး လုပ်လို့ရ

ဖုန်းနားကျပ်ထဲမှာ ရှိနေတဲ့ ဖုန်တွေကို သွားတိုက်တံနဲ့ သန့်ရှင်းရေး လုပ်လို့ရပါတယ်။ သွားတိုက်တံအမျှင်လေးတွေ အပေါ်ကနေ ဖုန်းနားကျပ်လေးကို အပေါ်တက်၊ အောက်ဆင်း လုပ်ပေးပြီး သန့်ရှင်းရေး လုပ်လို့ရပါတယ်။

အီလက်ထရောနစ်ကြိုးတွေမှာ ညစ်ပတ်နေတဲ့ ဖုန်တွေကို ခဲဖျက်နဲ့ ဖယ်ရှားမယ်

အီလက်ထရောနစ်ကြိုးတွေ ဥပမာ ဖုန်းနားကျပ်ကြိုး၊ အားသွင်းကြိုးတို့ကို ဆပ်ပြာတို့၊ ရေအနည်းငယ်တို့နဲ့ သန့်ရှင်းရေး လုပ်ရင်တောင် အရမ်း သတိထားရပါတယ်။ မဟုတ်ရင် ပျက်တတ်ပါတယ်။

ဒါကြောင့် အန္တရာယ်အကင်းဆုံး နည်းလမ်းကတော့ ခဲဖျက်နဲ့ သန့်ရှင်းရေး လုပ်တာဘဲ ဖြစ်ပါတယ်။

တိပ်နဲ့ ကွန်ပျုတာ Keyboard တွေကို သန့်ရှင်းမယ်

Keyboard ကို တိပ်နဲ့ ကပ်ပြီး အဲ့ဒီအပေါ်က ဖုန်တွေကို ဖယ်ရှားလို့ရပါတယ်။

စမတ်ဖုန်းတို့ ကွန်ပျုတာ စခရင် တို့ကို သန့်ရှင်းရေး လုပ်ရင်

စမတ်ဖုန်းတို့ ကွန်ပျုတာ စခရင်တို့ကို သန့်ရှင်းရေး လုပ်ရင် တစ်ရှူးနဲ့ မသုတ်ပါနဲ့။ တခါတလေ အဆင်းရာတွေ ထင်ကျန်နေတတ်ပါတယ်။ ဒါကြောင့် Micro Fiber ပါတဲ့ အ၀တ်နုနု (ဥပမာ မျက်မှန်သုတ်တဲ့ အစလိုမျိုး) နဲ့ဘဲ သုတ်သင့်ပါတယ်။