၂၀၁၈ ခုနှစ်ကတည်းက လူပေါင်း ၁.၅ ဘီလီယမ်ဟာ အင်တာနက် အသုံးပြုနေကြပါပြီ။ ဒါပေမယ့် အင်တာနက် အမြန်နှုန်းနဲ့ သုံးစွဲတဲ့ ဒေတာ ပမာဏဟာ နိုင်ငံအလိုက် သိသိသာသာ ကွဲပြားကြပါတယ်။ ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေရဲ့ မိုဘိုင်း အင်တာနက် အမြန်နှုန်းဟာ ဝင်ငွေ နည်းပါးတဲ့ နိုင်ငံတွေထက် ၅ ဆ နဲ့ ဒေတာ သုံးစွဲမှုဟာ အဆ ၂၀ ပိုများပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ အထိ မိုဘိုင်း အင်တာနက် အဆင့်သတ်မှတ်ချက်မှာ ပြောင်းလဲမှုတွေ ဖြစ်ခဲ့ပါတယ်။ မိုဘိုင်း အင်တာနက် အမြန်ဆုံး ၅ နိုင်ငံမှာ အပြောင်းအလဲ ဖြစ်သွားပါတယ်။
မိုဘိုင်း အင်တာနက် အမြန်ဆုံး ၅ နိုင်ငံက အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ UAE (428.53 Mbps)
၂။ ကာတာ (356.74 Mbps)
၃။ ကူဝိတ် (258.51 Mbps)
၄။ ဒိန်းမတ် (149.73 Mbps)
၅။ ဘူလ်ဂေးရီးယား (147.68 Mbps)
တောင်ကိုရီးယားဟာ ထိပ်ဆုံး ၅ နိုင်ငံစာရင်းထဲကနေ ထွက်ခွာသွားပါတယ်။ UAE နဲ့ ကာတာက အမြန်ဆုံး နိုင်ငံစာရင်းထဲမှာ ဆက်လက် ဦးဆောင်နေပြီး ကူဝိတ်က နံပါတ် ၃ နေရာကို ယူထားပါတယ်။ ပါကစ္စတန်က နံပါတ် ၁၀၀ မှာ ရှိနေပြီး အမြန်နှုန်း 20.61 Mbps ရထားပါတယ်။
Ref: Tech Explorers