Zawgyi

ကိုယ္က ဖုန္းအၿမဲတမ္း သုံးေနတဲ့ သူမို႔ ဘက္ထရီ ပမာဏ မ်ားမ်ားပါတဲ့ ဖုန္းတစ္လုံးကို ဝယ္ထားလိုက္တယ္ ဆိုပါေတာ့….
ကိုယ့္ဖုန္းက ဘက္ထရီ ပမာဏ အမ်ားႀကီး ပါတယ္ဆိုၿပီး Wi-Fi, Bluetooth, GPS ေတြကို မလိုအပ္ဘဲ ဖြင့္ထားမယ္၊ မသုံးျဖစ္တဲ့ App ေတြကို Install လုပ္ထားမယ္ဆိုရင္ ဘက္ထရီ ပမာဏက 4000mAh ပဲပါပါ၊ 5000mAh ပဲပါပါ ေလာက္မွာ မဟုတ္ပါဘူး။

ဒီေတာ့ ကိုယ့္ဖုန္းမွာ ပါတဲ့ ဘက္ထရီကို အက်ိဴးရွိရွိ အသုံးခ်ခ်င္တယ္ဆိုရင္ Wi-Fi, Bluetooth, GPS စတာေတြကို မလိုအပ္ပဲ ဖြင့္ထားျခင္းမွ ေရွာင္ၾကဥ္ပါ။ ကိုယ္အၿမဲသုံးျဖစ္တဲ့ Application ေတြေလာက္သာ install လုပ္ထားၿပီး၊ မသုံးျဖစ္တဲ့ App ေတြကို ျဖဳတ္ခ်ပါ။

ေနာက္တစ္ခ်က္က ဘက္ထရီအားကို လုံးဝ အကုန္သုံးလိုက္ၿပီး 100% အားအျပည့္သြင္းျခင္းေတြကို ေရွာင္ၾကဥ္ပါ။ ဘက္ထရီအားကို လုံးဝ အကုန္မသုံးဘဲ 80% အထိသာ အားသြင္းျခင္းက ဘက္ထရီ သက္တမ္းကို 200% အထိ Extend လုပ္ႏိုင္မယ့္ အေကာင္းဆုံး နည္းလမ္းျဖစ္ေၾကာင္းကို သိပၸံပညာရွင္ေတြက ရွာေဖြေတြ႕ရွိထားပါတယ္။

ဒီေန႔ေခတ္ စမတ္ဖုန္းေတာ္ေတာ္မ်ားမ်ားဟာ အျမန္အားသြင္းစနစ္ေတြ ပါဝင္လာတာေၾကာင့္ ဟိုအရင္တုန္းက ဖုန္းေတြလိုမ်ိဴး တစ္ညလုံး အားသြင္းထားစရာ မလိုေတာ့ပါဘူး။ ဒါ့ေၾကာင့္ ညဘက္ေတြမွာ ဖုန္းကို အားသြင္းၿပီး အိပ္တတ္တဲ့ အက်င့္ေတြကို ေဖ်ာက္ပါ။

အပူကလည္း ဘက္ထရီ သက္တမ္းကို တိုေစပါတယ္။ ဒါ့ေၾကာင့္ ဖုန္းကို ပူတဲ့ေနရာမွာ ထားတာမ်ိဴးေတြ၊ အရမ္းထူတဲ့ ကာဗာႀကီးေတြ တပ္ၿပီး အားသြင္းတာမ်ိဴးေတြကို ေရွာင္ၾကဥ္သင့္ပါတယ္။

ေနာက္ၿပီးေတာ့ အခုေနာက္ပိုင္း ဖုန္းေတာ္ေတာ္မ်ားမ်ားမွာဆိုရင္ Game Space, Game Mode စတဲ့ Gaming Experience ကို ပိုေကာင္းလာေစမယ့္ Feature ေလးေတြ ပါလာတာ ေတြ႕ရပါတယ္။ အဲ့ဒီ Feature ေတြမွာ ပါတဲ့ Performance Mode က ဘက္ထရီကို အနည္းနဲ႔အမ်ား အေႏွးနဲ႔အျမန္ ဒုကၡေပးႏိုင္ပါတယ္။ Performance Mode က Gaming Experience ကို ပိုေကာင္းေစေပမယ့္ ဘက္ထရီအား ပိုစားၿပီး၊ ဖုန္း အပူခ်ိန္လည္း ျမင့္တက္လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ Performance Mode ကို မလိုအပ္ဘဲ ဖြင့္သုံးျခင္းကို ေရွာင္ၾကဥ္ပါ။

ေနာက္ဆုံးအခ်က္ကေတာ့ ဖုန္းပိတ္ၿပီး အားသြင္းပါ။ ဖုန္းပိတ္ၿပီး အားမသြင္းခ်င္ဘူးဆိုရင္ေတာင္ အားသြင္းရင္း တန္းလန္း ဂိမ္းေဆာ့တာမ်ိဴး၊ ဗီဒီယိုၾကည့္တာမ်ိဴး၊ Facebook သုံးေနတာမ်ိဴးေတြကို ေရွာင္ၾကဥ္ပါ။ ဒီအခ်က္ေတြကို လိုက္နာျခင္းျဖင့္ ကိုယ့္ဖုန္းမွာ ပါတဲ့ ဘက္ထရီ ပမာဏကို အက်ိဴးရွိရွိ အသုံးခ်ႏိုင္မွာ ျဖစ္သလို၊ ဘက္ထရီ သက္တမ္းကိုလည္း ၾကာရွည္ခံေအာင္ ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။

Unicode

စမတ်ဖုန်း ဘက်ထရီ ကြာရှည်ခံအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းများ

ကိုယ်က ဖုန်းအမြဲတမ်း သုံးနေတဲ့ သူမို့ ဘက်ထရီ ပမာဏ များများပါတဲ့ ဖုန်းတစ်လုံးကို ဝယ်ထားလိုက်တယ် ဆိုပါတော့….
ကိုယ့်ဖုန်းက ဘက်ထရီ ပမာဏ အများကြီး ပါတယ်ဆိုပြီး Wi-Fi, Bluetooth, GPS တွေကို မလိုအပ်ဘဲ ဖွင့်ထားမယ်၊ မသုံးဖြစ်တဲ့ App တွေကို Install လုပ်ထားမယ်ဆိုရင် ဘက်ထရီ ပမာဏက 4000mAh ပဲပါပါ၊ 5000mAh ပဲပါပါ လောက်မှာ မဟုတ်ပါဘူး။

ဒီတော့ ကိုယ့်ဖုန်းမှာ ပါတဲ့ ဘက်ထရီကို အကျိူးရှိရှိ အသုံးချချင်တယ်ဆိုရင် Wi-Fi, Bluetooth, GPS စတာတွေကို မလိုအပ်ပဲ ဖွင့်ထားခြင်းမှ ရှောင်ကြဉ်ပါ။ ကိုယ်အမြဲသုံးဖြစ်တဲ့ Application တွေလောက်သာ install လုပ်ထားပြီး၊ မသုံးဖြစ်တဲ့ App တွေကို ဖြုတ်ချပါ။

နောက်တစ်ချက်က ဘက်ထရီအားကို လုံးဝ အကုန်သုံးလိုက်ပြီး 100% အားအပြည့်သွင်းခြင်းတွေကို ရှောင်ကြဉ်ပါ။ ဘက်ထရီအားကို လုံးဝ အကုန်မသုံးဘဲ 80% အထိသာ အားသွင်းခြင်းက ဘက်ထရီ သက်တမ်းကို 200% အထိ Extend လုပ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်းကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိထားပါတယ်။

ဒီနေ့ခေတ် စမတ်ဖုန်းတော်တော်များများဟာ အမြန်အားသွင်းစနစ်တွေ ပါဝင်လာတာကြောင့် ဟိုအရင်တုန်းက ဖုန်းတွေလိုမျိူး တစ်ညလုံး အားသွင်းထားစရာ မလိုတော့ပါဘူး။ ဒါ့ကြောင့် ညဘက်တွေမှာ ဖုန်းကို အားသွင်းပြီး အိပ်တတ်တဲ့ အကျင့်တွေကို ဖျောက်ပါ။

အပူကလည်း ဘက်ထရီ သက်တမ်းကို တိုစေပါတယ်။ ဒါ့ကြောင့် ဖုန်းကို ပူတဲ့နေရာမှာ ထားတာမျိူးတွေ၊ အရမ်းထူတဲ့ ကာဗာကြီးတွေ တပ်ပြီး အားသွင်းတာမျိူးတွေကို ရှောင်ကြဉ်သင့်ပါတယ်။

နောက်ပြီးတော့ အခုနောက်ပိုင်း ဖုန်းတော်တော်များများမှာဆိုရင် Game Space, Game Mode စတဲ့ Gaming Experience ကို ပိုကောင်းလာစေမယ့် Feature လေးတွေ ပါလာတာ တွေ့ရပါတယ်။ အဲ့ဒီ Feature တွေမှာ ပါတဲ့ Performance Mode က ဘက်ထရီကို အနည်းနဲ့အများ အနှေးနဲ့အမြန် ဒုက္ခပေးနိုင်ပါတယ်။ Performance Mode က Gaming Experience ကို ပိုကောင်းစေပေမယ့် ဘက်ထရီအား ပိုစားပြီး၊ ဖုန်း အပူချိန်လည်း မြင့်တက်လာနိုင်ပါတယ်။ ဒါ့ကြောင့် Performance Mode ကို မလိုအပ်ဘဲ ဖွင့်သုံးခြင်းကို ရှောင်ကြဉ်ပါ။

နောက်ဆုံးအချက်ကတော့ ဖုန်းပိတ်ပြီး အားသွင်းပါ။ ဖုန်းပိတ်ပြီး အားမသွင်းချင်ဘူးဆိုရင်တောင် အားသွင်းရင်း တန်းလန်း ဂိမ်းဆော့တာမျိူး၊ ဗီဒီယိုကြည့်တာမျိူး၊ Facebook သုံးနေတာမျိူးတွေကို ရှောင်ကြဉ်ပါ။ ဒီအချက်တွေကို လိုက်နာခြင်းဖြင့် ကိုယ့်ဖုန်းမှာ ပါတဲ့ ဘက်ထရီ ပမာဏကို အကျိူးရှိရှိ အသုံးချနိုင်မှာ ဖြစ်သလို၊ ဘက်ထရီ သက်တမ်းကိုလည်း ကြာရှည်ခံအောင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။