Android ရဲ့ Google Play Store မှာပဲဖြစ်ဖြစ် iOS ရဲ့ App Store မှာပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ App တစ်ခုက အခမဲ့မရပဲ ဝယ်ယူမှရတာမျိုးကို ကြုံဖူးကြမှာပါ။ ဒါမှမဟုတ် ကိုယ်ဆော့နေတဲ့ ဂိမ်းတစ်ခုခုအတွက် Gem ဝယ်ယူတာမျိုးတွေ ပြုလုပ်ဖူးကြမှာပါ။

အခုအချိန်မှာတော့ Sensor Tower ရဲ့ ထုတ်ပြန်ချက်အရ မနှစ် ၂၀၁၇ တစ်နှစ်လုံးမှာ စမတ်ဖုန်းအသုံးပြုသူတွေဟာ Application အတွက်နဲ့တင် ငွေကြေးသုံးစွဲမှုဟာ ဒေါ်လာ သန်း ၆၀၀၀ လောက်အထိ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ အခုပမာဏဟာ မနှစ်ကထက် ၃၅ ရာခိုင်နှုန်းပိုမိုများပြားလာခဲ့ပြီး မနှစ်က ဒေါ်လာ သန်း ၄၃၀၀ ကျော်ပဲ ရှိခဲ့တာဖြစ်ပါတယ်။

အခုရလဒ်ဟာ Google Play Store နဲ့ Apple App Store ၂ ခုပေါင်းရလဒ်ဖြစ်ပြီးတော့ တကယ်တမ်းက Apple က ဒေါ်လာ သန်း ၃၈၀၀ ကျော်ဝင်ပြီး Google Play Store မှာတော့ ဒေါ်လာ သန်း ၂ ထောင်ကျော်ပဲ ဝင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Apple ကိုင်တဲ့သူတွေက Android အသုံးပြုသူတွေထက် ၂ ဆလောက် ငွေပိုသုံးတယ်လို့ ပြောရမှာပါ။

အခုမျိုး အသုံးပြုမှုမြင့်မားလာတာက Application တွေတင်မကပဲ Games တွေလည်း ယခင်ထက်ပိုပြီး အသုံးပြုဆော့ကစားတာ ပိုများပြားလာတယ်လို့ သိရပါတယ်။