[Unicode]

၂၀၂၀ မှာ Android တွေဟာ ပိုပြီးစွမ်းဆောင်ရည်မြင့်တက်လာမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ စမတ်ဖုန်းတွေ စွမ်းဆောင်ရည်မြင့်မားဖို့အတွက် လိုအပ်ချက်တွေမှာ Processor ရဲ့အခန်းကဏ္ဍကလည်း အရေးပါနေပါတယ်။ Qualcomm ကတော့ စွမ်းဆောင်ရည်တွေ ပိုပြီးမြင့်မားတဲ့ SoC တွေကို စဉ်ဆက်မပြတ် ထုတ်လုပ်နေတာလည်း မြင်တွေ့ရပါတယ်။

Qualcomm ဟာ Snapdragon 865 ကို ထုတ်လုပ်ခဲ့ပြီး ဒါဟာ ဈေးကွက်ထဲမှာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ဒီစကားက အပြောမဟုတ်ဘဲ လက်တွေ့မှာလည်း မှန်ကန်တယ်ဆိုတာကို AnTuTu ရမှတ်တွေက သက်သေပြနေပါတယ်။ “Kona” လို့အမည်ပေးထားတဲ့ Snapdragon 865 နဲ့ Device ရဲ့ AnTuTu ရမှတ်ဟာ လက်ရှိအချိန်မှာ အကောင်းဆုံး ရမှတ်ဖြစ်ပါတယ်။

AnTuTu မှာမြင်တွေ့ရတဲ့ Snapdragon 865 ရဲ့ ရမှတ်ဟာ 568,919 မှတ် ဖြစ်ပါတယ်။ အနီးစပ်ဆုံး နှိုင်းယှဉ်ရမယ်ဆိုရင် Snapdragon 855 ရဲ့ ရမှတ်ဟာ 450,000 ဝန်းကျင်သာ ဖြစ်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ iPhone 11 Pro Max နဲ့ သူ့ရဲ့ Apple A13 Bionic Chip တွေရဲ့ စွမ်းဆောင်ရည်ထက် သာလွန်နေတာကို မြင်တွေ့ရပါတယ်။

Snapdragon 855+, Kirin 990 5G နဲ့ MediaTek Dimensity 1000 စတာတွေနဲ့ နှိုင်းယှဉ်ရင်လည်း Snapdragon 865 ဟာ ပြတ်ပြတ်သားသား ဦးဆောင်နေတုန်း ဖြစ်ပါတယ်။ AnTuTu မှာ စမ်းသပ်ခဲ့တဲ့ Device ဟာ နောက်ဆုံးအဆင့် စမ်းသပ်တာဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခြား Device တွေအနေနဲ့ အခုမြင်တွေ့ရတဲ့ စမ်းသပ် Device နဲ့ရမှတ်ချင်း အများကြီး ကွာဟဖွယ်တော့ မရှိဘူးလို့ ဆိုရမှာပါ။

Snapdragon 865 ကို ဟာဝိုင်ယီက Maui မှာ မကြာခင်က ကျင်းပပြုလုပ်ခဲ့တဲ့ Summit အတွင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီ Chipset ဟာ ၂၀၂၀ ထုတ် ပရီမီယံ စမတ်ဖုန်းအတော်များများမှာ တွေ့မြင်လာရဖွယ် ရှိနေပါတယ်။ Snapdragon 865 ဟာ CPU နဲ့ GPU စွမ်းဆောင်ရည် ၂၅ ရာခိုင်နှုန်း ပိုမြင့်မားမယ်လို့ Qualcomm က ပြောခဲ့ပါတယ်။ ဒါ့အပြင် AI စွမ်းရည်လည်း ပိုမြင့်မားသလို ပါဝါသုံးစွဲမှုလည်း ပိုပြီးနည်းပါးလာမယ်လို့လည်း သိရပါတယ်။

Ref: Gizmochina

[Zawgyi]

ခပ္ၾကမ္းၾကမ္းရမွတ္ေတြနဲ႔ AnTuTu ေပၚေရာက္ရွိလာတဲ့ Snapdragon 865 အသုံးျပဳ စမတ္ဖုန္း

၂၀၂၀ မွာ Android ေတြဟာ ပိုၿပီးစြမ္းေဆာင္ရည္ျမင့္တက္လာမယ္ဆိုတာ သံသယျဖစ္စရာ မရွိပါဘူး။ စမတ္ဖုန္းေတြ စြမ္းေဆာင္ရည္ျမင့္မားဖို႔အတြက္ လိုအပ္ခ်က္ေတြမွာ Processor ရဲ႕အခန္းက႑ကလည္း အေရးပါေနပါတယ္။ Qualcomm ကေတာ့ စြမ္းေဆာင္ရည္ေတြ ပိုၿပီးျမင့္မားတဲ့ SoC ေတြကို စဥ္ဆက္မျပတ္ ထုတ္လုပ္ေနတာလည္း ျမင္ေတြ႕ရပါတယ္။

Qualcomm ဟာ Snapdragon 865 ကို ထုတ္လုပ္ခဲ့ၿပီး ဒါဟာ ေဈးကြက္ထဲမွာ အေကာင္းဆုံးျဖစ္လိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။ ဒီစကားက အေျပာမဟုတ္ဘဲ လက္ေတြ႕မွာလည္း မွန္ကန္တယ္ဆိုတာကို AnTuTu ရမွတ္ေတြက သက္ေသျပေနပါတယ္။ “Kona” လို႔အမည္ေပးထားတဲ့ Snapdragon 865 နဲ႔ Device ရဲ႕ AnTuTu ရမွတ္ဟာ လက္ရွိအခ်ိန္မွာ အေကာင္းဆုံး ရမွတ္ျဖစ္ပါတယ္။

AnTuTu မွာျမင္ေတြ႕ရတဲ့ Snapdragon 865 ရဲ႕ ရမွတ္ဟာ 568,919 မွတ္ ျဖစ္ပါတယ္။ အနီးစပ္ဆုံး ႏႈိင္းယွဥ္ရမယ္ဆိုရင္ Snapdragon 855 ရဲ႕ ရမွတ္ဟာ 450,000 ဝန္းက်င္သာ ျဖစ္ခဲ့ပါတယ္။ ဒါတင္မကေသးပါဘူး။ iPhone 11 Pro Max နဲ႔ သူ႔ရဲ႕ Apple A13 Bionic Chip ေတြရဲ႕ စြမ္းေဆာင္ရည္ထက္ သာလြန္ေနတာကို ျမင္ေတြ႕ရပါတယ္။

Snapdragon 855+, Kirin 990 5G နဲ႔ MediaTek Dimensity 1000 စတာေတြနဲ႔ ႏႈိင္းယွဥ္ရင္လည္း Snapdragon 865 ဟာ ျပတ္ျပတ္သားသား ဦးေဆာင္ေနတုန္း ျဖစ္ပါတယ္။ AnTuTu မွာ စမ္းသပ္ခဲ့တဲ့ Device ဟာ ေနာက္ဆုံးအဆင့္ စမ္းသပ္တာျဖစ္ႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ အျခား Device ေတြအေနနဲ႔ အခုျမင္ေတြ႕ရတဲ့ စမ္းသပ္ Device နဲ႔ရမွတ္ခ်င္း အမ်ားႀကီး ကြာဟဖြယ္ေတာ့ မရွိဘူးလို႔ ဆိုရမွာပါ။

Snapdragon 865 ကို ဟာဝိုင္ယီက Maui မွာ မၾကာခင္က က်င္းပျပဳလုပ္ခဲ့တဲ့ Summit အတြင္း ေၾကညာခဲ့တာ ျဖစ္ပါတယ္။ ဒီ Chipset ဟာ ၂၀၂၀ ထုတ္ ပရီမီယံ စမတ္ဖုန္းအေတာ္မ်ားမ်ားမွာ ေတြ႕ျမင္လာရဖြယ္ ရွိေနပါတယ္။ Snapdragon 865 ဟာ CPU နဲ႔ GPU စြမ္းေဆာင္ရည္ ၂၅ ရာခိုင္ႏႈန္း ပိုျမင့္မားမယ္လို႔ Qualcomm က ေျပာခဲ့ပါတယ္။ ဒါ့အျပင္ AI စြမ္းရည္လည္း ပိုျမင့္မားသလို ပါဝါသုံးစြဲမႈလည္း ပိုၿပီးနည္းပါးလာမယ္လို႔လည္း သိရပါတယ္။

Ref: Gizmochina