[Unicode]

Qualcomm ဟာ Snapdragon Tech Summit 2019 မှာ မျိုးဆက်သစ် Chipset တွေဖြစ်တဲ့ Snapdragon 765, Snapdragon 765G တို့နဲ့အတူ စွမ်းရည်မြင့် Snapdragon 865 ကိုလည်း တစ်ပါတည်း ကြေညာသွားပါတယ်။ Snapdragon 865 ဟာ ပရီမီယံဈေးကွက်အတွက် ပစ်မှတ်ထားတဲ့ Chipset လည်း ဖြစ်ပါတယ်။

Qualcomm ရဲ့နံပါတ်တွေအရ Snapdragon 865 ဟာ CPU ပိုင်းမှာ ၂၅% ပိုပြီးမြန်ဆန်လာမှာဖြစ်ပြီး GPU ပိုင်းမှာလည်း ၂၀% ပိုပြီး မြန်ဆန်လာမှာဖြစ်ပါတယ်။ GeekBench V4 မှာတော့ အစောပိုင်း Benchmark ရမှတ်တွေကိုတွေ့မြင်ရပါတယ်။ ဗားရှင်း ၅ မှာ Benchmark အချို့တွေ့ရပေမယ့် သိပ်ပြီးတော့ ယုံကြည်စိတ်ချရဖွယ်မရှိဘူးလို့ ယူဆရပါတယ်။

ဒါပေမယ့် လက်ရှိမြင်တွေ့ရတဲ့ GeekBench ရလဒ်အရ Qualcomm ဟာ Snapdragon 865 နဲ့ပတ်သက်ပြီး ကြိုတင်ပြောဆိုထားတဲ့အတိုင်း ရလဒ်ကောင်းတွေထွက်လာအောင် ပြုလုပ်ထားတယ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ Single-core နဲ့ Multi-core ရမှတ်တွေဟာ Snapdragon 855 ထက် ၂၂ ကနေ ၂၃% အထိ တိုးတက်လာတာကို တွေ့မြင်ရလို့ပဲ ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရတော့ Snapdragonn 865 ဟာ ၂၀၂၀ အစောပိုင်း Android Chipset တွေထဲမှာ အမြန်ဆုံးဖြစ်လာနိုင်ပါတယ်။ ပြိုင်ဘက်ဖြစ်တဲ့ Exynos ကလည်း ဘယ်လိုစွမ်းဆောင်ရည်တွေနဲ့ ထွက်လာမလဲဆိုတာကို စောင့်ကြည့်ရပါဦးမယ်။ MediaTek ကိုလည်း ပြိုင်ဆိုင်မှုထဲက ဖယ်ထားလို့မရပါဘူး။ ဒါပေမယ့် Apple ရဲ့ စွမ်းဆောင်ရည်ကို ကျော်တက်ပြီး ဦးဆောင်သွားဖို့ကတော့ အချိန်တိုတွင်း မလွယ်ကူသေးဘူးလို့ပဲ ဆိုရမှာပါ။

Ref: GSM Arena

[Zawgyi]

Snapdragon 865 ရဲ႕ ပထမဆုံး GeekBench ရလဒ္ထြက္ေပၚလာ

Qualcomm ဟာ Snapdragon Tech Summit 2019 မွာ မ်ိဳးဆက္သစ္ Chipset ေတြျဖစ္တဲ့ Snapdragon 765, Snapdragon 765G တို႔နဲ႔အတူ စြမ္းရည္ျမင့္ Snapdragon 865 ကိုလည္း တစ္ပါတည္း ေၾကညာသြားပါတယ္။ Snapdragon 865 ဟာ ပရီမီယံေဈးကြက္အတြက္ ပစ္မွတ္ထားတဲ့ Chipset လည္း ျဖစ္ပါတယ္။

Qualcomm ရဲ႕နံပါတ္ေတြအရ Snapdragon 865 ဟာ CPU ပိုင္းမွာ ၂၅% ပိုၿပီးျမန္ဆန္လာမွာျဖစ္ၿပီး GPU ပိုင္းမွာလည္း ၂၀% ပိုၿပီး ျမန္ဆန္လာမွာျဖစ္ပါတယ္။ GeekBench V4 မွာေတာ့ အေစာပိုင္း Benchmark ရမွတ္ေတြကိုေတြ႕ျမင္ရပါတယ္။ ဗားရွင္း ၅ မွာ Benchmark အခ်ိဳ႕ေတြ႕ရေပမယ့္ သိပ္ၿပီးေတာ့ ယုံၾကည္စိတ္ခ်ရဖြယ္မရွိဘူးလို႔ ယူဆရပါတယ္။

ဒါေပမယ့္ လက္ရွိျမင္ေတြ႕ရတဲ့ GeekBench ရလဒ္အရ Qualcomm ဟာ Snapdragon 865 နဲ႔ပတ္သက္ၿပီး ႀကိဳတင္ေျပာဆိုထားတဲ့အတိုင္း ရလဒ္ေကာင္းေတြထြက္လာေအာင္ ျပဳလုပ္ထားတယ္လို႔ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ Single-core နဲ႔ Multi-core ရမွတ္ေတြဟာ Snapdragon 855 ထက္ ၂၂ ကေန ၂၃% အထိ တိုးတက္လာတာကို ေတြ႕ျမင္ရလို႔ပဲ ျဖစ္ပါတယ္။

လက္ရွိအေျခအေနအရေတာ့ Snapdragonn 865 ဟာ ၂၀၂၀ အေစာပိုင္း Android Chipset ေတြထဲမွာ အျမန္ဆုံးျဖစ္လာႏိုင္ပါတယ္။ ၿပိဳင္ဘက္ျဖစ္တဲ့ Exynos ကလည္း ဘယ္လိုစြမ္းေဆာင္ရည္ေတြနဲ႔ ထြက္လာမလဲဆိုတာကို ေစာင့္ၾကည့္ရပါဦးမယ္။ MediaTek ကိုလည္း ၿပိဳင္ဆိုင္မႈထဲက ဖယ္ထားလို႔မရပါဘူး။ ဒါေပမယ့္ Apple ရဲ႕ စြမ္းေဆာင္ရည္ကို ေက်ာ္တက္ၿပီး ဦးေဆာင္သြားဖို႔ကေတာ့ အခ်ိန္တိုတြင္း မလြယ္ကူေသးဘူးလို႔ပဲ ဆိုရမွာပါ။

Ref: GSM Arena