လက်ရှိရောင်းချနေတဲ့ စမတ်ဖုန်းတွေကို ထပ်မံပြုပြင်မွမ်းမံပြီး ရောင်းချတတ်တဲ့ ရုရှားကုမ္ပဏီတစ်ခုဖြစ်တဲ့ Apple ရဲ့ နောက်ဆုံးထွက် တီထွင်ဆန်းသစ်မှုအရှိဆုံးဖုန်းတစ်ခုဖြစ်တဲ့ iPhone X ကို အခုထက်ပိုပြီးဆန်းသစ်လိုက်ပြီး ထုတ်လုပ်လိုက်ပါတယ်။ အဲ့ဒါကတော့ iPhone X နောက်ကျောမှာ Solar Panel တပ်ဆင်ပေးလိုက်ပြီး နေရောင်ခြည်နဲ့ အားသွင်းနိုင်အောင် ပြုလုပ်လိုက်တာပဲဖြစ်ပါတယ်။

Caviar ကုမ္ပဏီကတော့ အဆိုပါ Solar Panel တွေပါဝင်တဲ့ Apple iPhone X ကို iPhone X Tesla လို့ ခေါ်ဆိုထားပြီး အဆိုပါ နာမည်က Nikola Tesla, Steve Jobs နဲ့ Elon Musk လိုမျိုး အထင်ကရ ပညာရှင်တွေကို လေးစားပြီး ပေးထားတာလို့ ပြောကြားထားပါတယ်။

အဆိုပါ iPhone X Telsa မှာ အနောက်ဖက်မှာ Solar Panel တွေရှိပြီး နေရောင်အောက်မှာ ဖုန်းကို မှောက်ထားလိုက်ရုံနဲ့ ဖုန်းကို ပြန်လည်အားသွင်းလို့ရအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ Apple ကနေ iPhone X ကို Glass Body နဲ့ ထုတ်လုပ်ခဲ့ပေမယ့် Caviar က ပိုမိုခိုင်ခံတဲ့ Titanium Body နဲ့ ပြောင်းလဲခဲ့ပြီးတော့ ဘေးဘောင်တွေကိုလည်း ၂၄ ကာရက်ရှိတဲ့ ရွှေသားနဲ့ လဲလှယ်ခဲ့တာဖြစ်ပါတယ်။

Caviar ကတော့ အဆိုပါ iPhone X Tesla ဟာ လုံးဝကို တမူထူးခြားနေမှာဖြစ်တယ်လို့ ဆိုထားပြီးတော့ ဈေးကလည်း 64GB Storage ကို ဒေါ်လာ ၄၄၄၅ နဲ့ 256GB ကို ဒေါ်လာ ၄၇၀၀ နဲ့ရောင်းချတာဖြစ်တဲ့အတွက် ဈေးနှုန်းကလည်း ပုံမှန် iPhone X ထက် ၄ ဆလောက်ပိုများမှာဖြစ်ပါတယ်။