[Zawgyi]

ယူေကရဲ႕နာမည္ႀကီးဘဏ္ျဖစ္တဲ့ Nationwide Building Society ဟာ Samsung Galaxy S10 အသုံးျပဳတဲ့ ဘဏ္အေကာင့္ပိုင္ရွင္ေတြကို Fingerprint login နဲ႔ App အတြင္းဝင္ေရာက္ျခင္းကို ပယ္ဖ်က္လိုက္တယ္လို႔ သိရပါတယ္။ ဒီလိုမ်ိဳး ပယ္ဖ်က္လိုက္ရတဲ့အေၾကာင္းရင္းက လုံၿခဳံေရးျပႆနာေၾကာင့္လို႔ ကနဦးသတင္းေတြအရ သိရပါတယ္။

Samsung Galaxy S10 ကို App ေတြေထာက္ပံ့ေပးထားတာ ႐ုပ္သိမ္းလိုက္တာဟာ UK Bank တစ္ခုတည္းတင္မဟုတ္ဘဲ NatWest လည္းပါဝင္တယ္လို႔ သိရပါတယ္။ NatWest ကေတာ့ App ကို Play Store ကေနဖယ္ရွားလိုက္တာ ျဖစ္ပါတယ္။ ဒီလိုဖယ္ရွားလိုက္တာဟာ Samsung Galaxy S10 အသုံးျပဳသူေတြအတြက္ပဲ သီးသန႔္ျပဳလုပ္တာလို႔လည္း သိရပါတယ္။

Samsung Galaxy S10 ဖုန္းေတြရဲ႕ Ultrasonic fingerprint reader မွာ အားနည္းခ်က္ရွိတာေၾကာင့္ အခုလိုမ်ိဳး လက္ေဗြဖတ္စနစ္နဲ႔ ဘဏ္ App ထဲဝင္ေရာက္ခြင့္ ပယ္ဖ်က္လိုက္ရတာလို႔ သိရပါတယ္။ Samsung ဘက္ကလည္း ဒီကိစၥနဲ႔ပတ္သက္ၿပီး တရားဝင္တုံ႔ျပန္မႈျပဳလုပ္ခဲ့ေပမယ့္ ဒီျပႆနာဟာ ထင္ထားတာထက္ ပိုၿပီးေတာ့ ႀကီးမားမယ္လို႔ ယူဆရပါတယ္။

ဆက္စပ္သတင္းေတြကေတာ့ Bank of China ဟာ Galaxy S10 သာမက Note 10 နဲ႔ Tab S6 ေတြအတြက္ App အသုံးျပဳခြင့္ေထာက္ပံ့ထားတာကိုပါ ပယ္ဖ်က္ခဲ့တယ္လို႔ သိရပါတယ္။ အစၥေရးရဲ႕ အႀကီးမားဆုံးဘဏ္တစ္ခုျဖစ္တဲ့ Hapoalim Bank Galaxy S10 နဲ႔ Note10 ကိုင္ေဆာင္ အသုံးျပဳတဲ့ဘဏ္အေကာင့္ပိုင္ရွင္ေတြအေနနဲ႔ Fingerprint စနစ္နဲ႔ ဝင္ေရာက္ႏိုင္ေတာ့မွာမဟုတ္တဲ့အေၾကာင္း ေၾကညာခဲ့တယ္လို႔ သိရပါတယ္။

ဒါတင္မကေသးဘဲ ေတာင္ကိုရီးယားရဲ႕ အြန္လိုင္းဘဏ္သီးသန႔္ျဖစ္တဲ့ KaKao Bank ကလည္း လက္ေဗြဖတ္စနစ္နဲ႔ အတည္ျပဳျခင္းစနစ္ကို ပယ္ဖ်က္ထားေၾကာင္း သတိေပးခဲ့တယ္လို႔ သိရပါတယ္။ Samsung ကေတာ့ ဒီတစ္ပတ္ထဲမွာ Software Update ထုတ္ေပးထားေပမယ့္ ဒီျပႆနာကို လုံးလုံးလ်ားလ်ား ေျပလည္သြားေစသလားဆိုတာေတာ့ တိတိက်က် မသိရွိရေသးတဲ့အေျခအေန ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

ကမ္ဘာ့နာမည်ကြီးဘဏ်တချို့က Galaxy S10 နဲ့ Note 10 တို့ရဲ့ လက်ဗွေဖတ်စနစ်ကို အသုံးပြုပြီး App အတွင်းဝင်ရောက်ခွင့်ကို ပယ်ဖျက်

ယူကေရဲ့နာမည်ကြီးဘဏ်ဖြစ်တဲ့ Nationwide Building Society ဟာ Samsung Galaxy S10 အသုံးပြုတဲ့ ဘဏ်အကောင့်ပိုင်ရှင်တွေကို Fingerprint login နဲ့ App အတွင်းဝင်ရောက်ခြင်းကို ပယ်ဖျက်လိုက်တယ်လို့ သိရပါတယ်။ ဒီလိုမျိုး ပယ်ဖျက်လိုက်ရတဲ့အကြောင်းရင်းက လုံခြုံရေးပြဿနာကြောင့်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

Samsung Galaxy S10 ကို App တွေထောက်ပံ့ပေးထားတာ ရုပ်သိမ်းလိုက်တာဟာ UK Bank တစ်ခုတည်းတင်မဟုတ်ဘဲ NatWest လည်းပါဝင်တယ်လို့ သိရပါတယ်။ NatWest ကတော့ App ကို Play Store ကနေဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။ ဒီလိုဖယ်ရှားလိုက်တာဟာ Samsung Galaxy S10 အသုံးပြုသူတွေအတွက်ပဲ သီးသန့်ပြုလုပ်တာလို့လည်း သိရပါတယ်။

Samsung Galaxy S10 ဖုန်းတွေရဲ့ Ultrasonic fingerprint reader မှာ အားနည်းချက်ရှိတာကြောင့် အခုလိုမျိုး လက်ဗွေဖတ်စနစ်နဲ့ ဘဏ် App ထဲဝင်ရောက်ခွင့် ပယ်ဖျက်လိုက်ရတာလို့ သိရပါတယ်။ Samsung ဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင်တုံ့ပြန်မှုပြုလုပ်ခဲ့ပေမယ့် ဒီပြဿနာဟာ ထင်ထားတာထက် ပိုပြီးတော့ ကြီးမားမယ်လို့ ယူဆရပါတယ်။

ဆက်စပ်သတင်းတွေကတော့ Bank of China ဟာ Galaxy S10 သာမက Note 10 နဲ့ Tab S6 တွေအတွက် App အသုံးပြုခွင့်ထောက်ပံ့ထားတာကိုပါ ပယ်ဖျက်ခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးရဲ့ အကြီးမားဆုံးဘဏ်တစ်ခုဖြစ်တဲ့ Hapoalim Bank Galaxy S10 နဲ့ Note10 ကိုင်ဆောင် အသုံးပြုတဲ့ဘဏ်အကောင့်ပိုင်ရှင်တွေအနေနဲ့ Fingerprint စနစ်နဲ့ ဝင်ရောက်နိုင်တော့မှာမဟုတ်တဲ့အကြောင်း ကြေညာခဲ့တယ်လို့ သိရပါတယ်။

ဒါတင်မကသေးဘဲ တောင်ကိုရီးယားရဲ့ အွန်လိုင်းဘဏ်သီးသန့်ဖြစ်တဲ့ KaKao Bank ကလည်း လက်ဗွေဖတ်စနစ်နဲ့ အတည်ပြုခြင်းစနစ်ကို ပယ်ဖျက်ထားကြောင်း သတိပေးခဲ့တယ်လို့ သိရပါတယ်။ Samsung ကတော့ ဒီတစ်ပတ်ထဲမှာ Software Update ထုတ်ပေးထားပေမယ့် ဒီပြဿနာကို လုံးလုံးလျားလျား ပြေလည်သွားစေသလားဆိုတာတော့ တိတိကျကျ မသိရှိရသေးတဲ့အခြေအနေ ဖြစ်ပါတယ်။

Ref: GSM Arena