Samsung ဟာ သူရဲ့ Galaxy S8 စမတ်ဖုန်းအတွက်ပဲ Android 8.0 Oreo Update ကို Beta အနေနဲ့ စမ်းသပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပြီးတော့ နောက်ပိုင်းမှ ထွက်ရှိလာတဲ့ Samsung Galaxy Note 8 အတွက်ကတော့ ဘာသတင်းမှမကြားပဲဖြစ်နေတာပါ။

ဒါပေမယ့် အခုအချိန်မှာ Reddit Forum မှာ အသုံးပြုသူအချို့က သူတို့ရဲ့ Samsung Galaxy Note 8 စမတ်ဖုန်းမှာ Android 8.0 Oreo Update ရရှိနေပြီဆိုပြီး Post တွေတင်ခဲ့ကြပါတယ်။ ဒါက Beta Program ရှိနေတယ်လို့ မကြေငြာခဲ့ပဲ အခုလိုမျိုး Update ပေးနေတာဖြစ်တဲ့အတွက် စမ်းသပ်နေတုန်းဖြစ်မယ်လို့လည်း ပြောဆိုနေတဲ့သူအများအပြားရှိနေပါတယ်။

အခု Android 8.0 Oreo Update ရရှိတဲ့ Samsung Galaxy Note 8 စမတ်ဖုန်းဟာ US ကို တင်သွင်းတဲ့ Snapdragon Processor နဲ့ အလုံးမဟုတ်ပဲ Exynos CPU နဲ့ အမျိုးအစားဖြစ်တယ်လို့လည်း သိရပါတယ်။ Android 8.0 Oreo Update အပြင် Android Security Patch ကလည်း January Patch ဖြစ်သွားတယ်လို့သိရပါတယ်။

အဲ့ဒီအတွက်တော့ မကြာခင်မှာ Samsung ကနေ Galaxy Note 8 ဖုန်းအတွက်လည်း Android 8.0 Oreo Update ကို ပေးဖို့ ပြင်ဆင်နေတယ်လို့ ယူဆရပါတယ်။ အခု Update ရရှိထားတဲ့ Reddit User ရဲ့ Android Oreo Changelog ကို ဖော်ပြလိုက်ပါတယ်။