Consumer Electronics Show (CES) 2022 မှာ Sony က PlayStation VR2 လို့ခေါ်တဲ့ အနာဂတ်မှာ ထုတ်လုပ်မယ့် VR Headset အကြောင်း ပြောသွားပါတယ်။ အဲဒီ Headset ဟာ PlayStation 5 ၊ PS VR2 Sense Controller တို့ နဲ့ တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Sony က Headset ရဲ့ ဒီဇိုင်းကို မပြသသွားဘဲ Controller ရဲ့ ဓါတ်ပုံ ကိုပဲ ပြသသွားပါတယ်။

Sony shares some details about its upcoming PlayStation VR2 headset

Sony က အတည်ပြုလိုက်တဲ့ Headset ရဲ့ အဓိက Specification တချို့ထဲမှာ ၁၁၀ ဒီဂရီ မြင်ကွင်းထောက်ပံ့တဲ့ 4K HDR OLED မျက်နှာပြင်တွေ ပါလာမှာ ဖြစ်ပြီး မျက်နှာပြင် ၁ ခုချင်းစီဟာ 2000x2040p Resolution ကို ထောက်ပံ့မှာ ဖြစ်ပါတယ်။ မျက်နှာပြင်တွေမှာ 90Hz or 120Hz Refresh Rate ပါလာမှာ ဖြစ်ပါတယ်။

Sony's PlayStation VR2 will use a single cord to deliver 4K HDR gaming at  90/120Hz | TechSpot

Headset မှာ မျက်လုံး အာရုံခံတာ၊ 3D Audio ထောက်ပံ့တာတွေ ပြုလုပ်နိုင်တဲ့ ဆန်ဆာ အသစ်တွေ ထည့်သွင်းထားမှာ ဖြစ်ပြီး တခြား သီးခြား ကင်မရာနဲ့ ဆန်ဆာတွေ မလိုအပ်အောင် ဖန်တီးပေးထားမှာ ဖြစ်ပါတယ်။

Sony က ပြင်ပ ကမ္ဘာနဲ့ တကယ်တူညီတဲ့ အတွေ့အကြုံမျိုး ရရှိစေဖို့အတွက် VR2 ဟာ အသုံးပြုသူရဲ့ မျက်လုံးကို အချိန်နဲ့တစ်ပြေးညီ အာရုံခံနိုင်တယ်လို့ ပြောပါတယ်။ VR2 Sense Controller ရဲ့ Adaptive Trigger နဲ့ Haptic Feedback ကလည်း အဲဒီ လုပ်ဆောင်ချက်ကို အကူအညီပေးနိုင်ပါတယ်။

Ref : gsmarena