Sony ဟာ လက်ရှိအချိန်မှာ Xperia 1 Series နဲ့ Xperia 5 Series ဆိုပြီး Flagship ဖုန်းတွေကို ပြန်လည်မိတ်ဆက်နေပြီဖြစ်ပါတယ်။ အဆိုပါ Sony Xperia Flagship ဖုန်းတွေဟာ Performance ပိုင်း၊ Display ပိုင်းအပြင် Camera ပိုင်းမှာပါ တခြားသော Flagship ဖုန်းတွေနဲ့ ကောင်းကောင်းယှဥ်ပြိုင်နိုင်နေပြီလို့တောင် ပြောနိုင်ပါတယ်။

ဒါပေမယ့်လည်း Sony ဟာ လက်ရှိအချိန်မှာ Flagship ဖုန်းတွေအပါအဝင် တခြားသောစမတ်ဖုန်းတွေအတွက် Android Update ထုတ်ပေးနိုင်မှုမှာတော့ တော်တော်လေးနောက်ကျကျန်ခဲ့ပါတယ်။ အထူးသဖြင့် Google ၊ Samsung အပါအဝင် OnePlus လိုမျိုး ဖုန်းတွေထက်တောင် Update ရရှိမှု နောက်ကျနေခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် Sony ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ Flagship ဖုန်းဖြစ်တဲ့ Xperia 1 III ကို စိတ်ဝင်စားတဲ့သူတွေအတွက် သတင်းကောင်းတစ်ခုကို ကြေညာလိုက်ပါတယ်။ ဒါကတော့ Xperia 1 III ဟာ Android Version Update ၂ ခုအထိ ရရှိသွားမှာပဲဖြစ်ပါတယ်။ Xperia 1 III စမတ်ဖုန်းဟာ Android 11 နဲ့ ထွက်ရှိထားတာဖြစ်တဲ့အတွက် Android 12 နဲ့ Android 13 Update တွေကို ရရှိဖို့ကတော့ သေချာသွားပါပြီ။

အဆိုပါသတင်းကို Sony Netherlands ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Android 12 Stable Update ဟာ Google Pixel ဖုန်းတွေအတွက် လာမယ့် သြဂုတ်လနောက်ပိုင်းမှာ ရရှိမှာဖြစ်တာကြောင့် ဒီနှစ်မကုန်ခင်တော့ Xperia 1 III အနေနဲ့ Update ရရှိလာနိုင်ပါတယ်။

Ref – GSM Arena