အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေပေါ်မှာ ဂိမ်းဆော့နေကြတာဟာ ယခင်ထက် ပိုများပြားလာသလို Mobile Game တွေကလည်း ယခင်ထက် ပိုကောင်းလာပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း စမတ်ဖုန်းပေါ်မှာ ဂိမ်းဆော့ရတာပိုအဆင်ပြေဖို့အတွက် Mobile Controller တွေကို ထုတ်လုပ်နေကြတာဖြစ်ပါတယ်။

ဥပမာပြောရမယ်ဆိုရင် ASUS ကလည်း ROG Gaming Phone အတွက် Controller Accessories တွေကို ထုတ်လုပ်ထားသလို Razer ကုမ္ပဏီကလည်း စမတ်ဖုန်းကို Nintendo Switch လိုမျိုး ပြောင်းလဲပြီး Controller အနေနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် Razer Kishi လိုမျိုး Product တွေကို ထုတ်လုပ်ထားပါတယ်။ အခုလည်း Sony ကနေ အလားတူ Mobile Gaming အတွက် Controller အသစ်ကို ထုတ်လုပ်ဖို့ စီစဥ်နေပုံရပါတယ်။

ဘာကြောင့်လဲဆိုရင် လက်ရှိနောက်ဆုံးထွက်ရှိလာတဲ့သတင်းတွေအရ Sony ဟာ လက်ရှိ PlayStation 5 ရဲ့ DualShock Controller Design နဲ့ Mobile Controller အသစ်ကို မူပိုင်ခွင့်ရယူလိုက်တာကြောင့်ဖြစ်ပါတယ်။ အဆိုပါ သတင်းကို Video Game Chronicles ကနေ အရင်ဆုံးတွေ့ရှိခဲ့တာဖြစ်ပြီး PlayStation Controller ပုံစံ Grip ဟာ အသုံးပြုသူတွေကို ခိုင်မြဲစွာ ကိုင်ထားနိုင်စေမှာဖြစ်တယ်လို့ သိရပါတယ်။

နောက်ထပ်လည်း Sony ကနေ ရယူထားတဲ့မူပိုင်ခွင့်အရ အဆိုပါ Mobile Controller က Motion Control တွေကိုပါ Support ပြုလုပ်မှုဖြစ်ပြီး Tilt ပြုလုပ်တာတွေကို သိရှိမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Gaming ပိုင်းမှာတော့ တော်တော်လေးကို ပိုအဆင်ပြေသွားမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Sony အနေနဲ့ အခုလိုမျိုး Mobile Controller အသစ်ကို လာမယ့်နှစ်မှာ ပြုလုပ်သွားမယ့် CES 2022 မှာ မိတ်ဆက်လာနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Toms Guide