Zawgyi

ၿပီးခဲ့တဲ့ IFA 2019 နည္းပညာျပပြဲမွာ ဂ်ပန္အေျခစိုက္ နည္းပညာကုမၸဏီ Sony က သူတုိ႔ရဲ႕ Flagship စမတ္ဖုန္း အသစ္ျဖစ္တဲ့ Xperia 5 ကို ျပသခဲ့ပါတယ္။ ယေန႔မွာေတာ့ ဒီဖုန္းကို တရုတ္ႏုိင္ငံ ေစ်းကြက္သုိ႔ စတင္မိတ္ဆက္လာခဲ့ၿပီး သူ႕ရဲ႕ေစ်းႏႈန္းကေတာ့ ယြမ္ ၅၃၉၉ (ျမန္မာေငြ ၁၁ သိန္းခြဲေက်ာ္) ျဖစ္ပါတယ္။

Xperia 5 ဟာေလာေလာဆယ္မွာ Crystal Blue, Wine Red, Drill Black နဲ႔ Frosh Ash ဆုိၿပီး ကာလာေလးမ်ဳိးနဲ႔ ထြက္ေပၚလာပါတယ္။ တရုတ္ေစ်းကြက္ကို ထုိးေဖာက္တဲ့အေနနဲ႔ ႀကိဳတင္မွာယူတဲ့သူတုိင္းကို ဖက္ရွင္ Case တစ္ခုနဲ႔ 256GB MicroSD ကတ္တစ္ခုတုိ႔ကို လက္ေဆာင္ေပးမွာပါ။ ေစ်းကြက္ထဲကိုေတာ့ ေအာက္တုိဘာ ၂၈ ရက္ေန႔မွ စတင္ တင္ပုိ႔ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

Xperia 5 စမတ္ဖုန္းမွာ 6.1” လက္မအရြယ္ CinemaWide HDR OLED Display ပါဝင္ၿပီး ရွည္လ်ားတဲ့ 21:9 ျမင္ကြင္းအခ်ဳိး ျဖစ္ပါတယ္။ HD+ Resolution အျပည့္ျဖစ္တဲ့ 1080 x 2520p ကို ေထာက္ပံ့ေပးႏုိင္တယ္။ အတြင္းမွာ Snapdragon 855 ခ်စ္ပ္ဆက္ကိုသာ အသုံးျပဳထားၿပီး 6GB RAM မန္မုိရီနဲ႔တြဲဖက္လာပါတယ္။

256GB MicroSD ကတ္ကို လက္ေဆာင္ေပးမယ္ဆုိေပမယ့္ သူ႕ရဲ႕မူရင္း Storage ကေတာ့ 128GB ပါဝင္မွာ ျဖစ္ၿပီး ဘကၳရီကလည္း 3140 mAh သာရွိပါတယ္။ Fast Charging စနစ္ ပါဝင္မွာျဖစ္တဲ့ စမတ္ဖုန္းဟာ Android 9 Pie OS ျဖင့္သာ စတင္သုံးစြဲႏုိင္မွာပါ။

ဖုန္းရဲ႕ေနာက္ဘက္မွာ 12MP Sensor သုံးခုပါဝင္တဲ့ Triple-cam Setup ကိုထည့္သြင္းထားၿပီး 4K HDR Video Record လုပ္ႏုိင္စြမ္းပါဝင္မွာပါ။ Selfie ကင္မရာကေတာ့ 8MP သာျဖစ္ပါတယ္။ စမတ္ဖုန္းေစ်းကြက္မွာ အေရးမလွတဲ့ Sony အေနနဲ႔ ၂၀၁၉ ခုႏွစ္အတြင္းမွာ ျပန္လည္ဦးေမာ့လာဖို႔ ႀကိဳးစားလာေပမယ့္ Specs ေတြကေတာ့ ေဒၚလာ ၇၅၀ ဝန္းက်င္ စမတ္ဖုန္းတစ္လုံးအတြက္ သိပ္အထင္ႀကီးစရာမရွိလွေသးဘူးလို႔ ဆုိရမွာပါ။

Ref – Playful Droid

Unicode

ပြီးခဲ့တဲ့ IFA 2019 နည်းပညာပြပွဲမှာ ဂျပန်အခြေစိုက် နည်းပညာကုမ္ပဏီ Sony က သူတို့ရဲ့ Flagship စမတ်ဖုန်း အသစ်ဖြစ်တဲ့ Xperia 5 ကို ပြသခဲ့ပါတယ်။ ယနေ့မှာတော့ ဒီဖုန်းကို တရုတ်နိုင်ငံ ဈေးကွက်သို့ စတင်မိတ်ဆက်လာခဲ့ပြီး သူ့ရဲ့ဈေးနှုန်းကတော့ ယွမ် ၅၃၉၉ (မြန်မာငွေ ၁၁ သိန်းခွဲကျော်) ဖြစ်ပါတယ်။

Xperia 5 ဟာလောလောဆယ်မှာ Crystal Blue, Wine Red, Drill Black နဲ့ Frosh Ash ဆိုပြီး ကာလာလေးမျိုးနဲ့ ထွက်ပေါ်လာပါတယ်။ တရုတ်ဈေးကွက်ကို ထိုးဖောက်တဲ့အနေနဲ့ ကြိုတင်မှာယူတဲ့သူတိုင်းကို ဖက်ရှင် Case တစ်ခုနဲ့ 256GB MicroSD ကတ်တစ်ခုတို့ကို လက်ဆောင်ပေးမှာပါ။ ဈေးကွက်ထဲကိုတော့ အောက်တိုဘာ ၂၈ ရက်နေ့မှ စတင် တင်ပို့ရောင်းချသွားမှာ ဖြစ်ပါတယ်။

Xperia 5 စမတ်ဖုန်းမှာ 6.1” လက်မအရွယ် CinemaWide HDR OLED Display ပါဝင်ပြီး ရှည်လျားတဲ့ 21:9 မြင်ကွင်းအချိုး ဖြစ်ပါတယ်။ HD+ Resolution အပြည့်ဖြစ်တဲ့ 1080 x 2520p ကို ထောက်ပံ့ပေးနိုင်တယ်။ အတွင်းမှာ Snapdragon 855 ချစ်ပ်ဆက်ကိုသာ အသုံးပြုထားပြီး 6GB RAM မန်မိုရီနဲ့တွဲဖက်လာပါတယ်။

256GB MicroSD ကတ်ကို လက်ဆောင်ပေးမယ်ဆိုပေမယ့် သူ့ရဲ့မူရင်း Storage ကတော့ 128GB သာ ပါဝင်မှာ ဖြစ်ပြီး ဘက္ထရီကလည်း 3140 mAh သာရှိပါတယ်။ Fast Charging စနစ် ပါဝင်မှာဖြစ်တဲ့ စမတ်ဖုန်းဟာ Android 9 Pie OS ဖြင့်သာ စတင်သုံးစွဲနိုင်မှာပါ။

ဖုန်းရဲ့နောက်ဘက်မှာ 12MP Sensor သုံးခုပါဝင်တဲ့ Triple-cam Setup ကိုထည့်သွင်းထားပြီး 4K HDR Video Record လုပ်နိုင်စွမ်းပါဝင်မှာပါ။ Selfie ကင်မရာကတော့ 8MP သာဖြစ်ပါတယ်။ စမတ်ဖုန်းဈေးကွက်မှာ အရေးမလှတဲ့ Sony အနေနဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ ပြန်လည်ဦးမော့လာဖို့ ကြိုးစားလာပေမယ့် Specs တွေကတော့ ဒေါ်လာ ၇၅၀ ဝန်းကျင် စမတ်ဖုန်းတစ်လုံးအတွက် သိပ်အထင်ကြီးစရာမရှိလှသေးဘူးလို့ ဆိုရမှာပါ။

Ref – Playful Droid